EnvironmentNewsPolitic

မင်းပြားတွင် ၂၂ ရွာကျော် ရေကြီးနေ

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်တွင် ရက်ဆက် မိုးကြီးမှုဒဏ်ကြောင့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂ ရွာကျော် ရေကြီးနေတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်က ရေကြီးနေတဲ့ ကျေးရွာတွေကတော့ မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံကြီး၊ တံခွန်တိုင်၊ မြင်းတင်မ၊ လက်ခုတ်၊ ပုလဲတောင်၊ ကပ္ပဲ့၊ ခေါင်းလောင်းရွာဟောင်း၊ အမ်းသား၊ ဟာရပိုင် (မူဆလင်)၊ လက်တော်ရီ (မူဆလင်)၊ စမ္ဘလေ (မူဆလင်)၊ တန်းဆိပ် (မူဆလင်) ရွာ စတာတွေပဲ ဖြစ်ပါတယ်။

ရက္ခိုင်ကမ်းရိုးတန်းနဲ့ ချင်းတောင်တန်းတစ်လျှောက် မုတ်သုံလေ တိုက်ရိုက် တိုးဝင်နေဆဲဖြစ်လို့ တစ်ပတ်တာလုံး မိုး အဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး မိုးရေချိန် ၄၀၀ မီလီမီတာ ကျော်အထိ ရှိနေမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ပြည် မြောက်ပိုင်းဖြစ်တဲ့ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေကြီးရေလျံတာတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်လို့ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းများ သတိပြုကြရန်လည်း နှိုးဆော်ထားပါတယ်။

Photo – APM

Related posts

နတ်ရေကန်ထဲ ပိတ်မိနေတဲ့ စကမတွေ လုံးပါးပါးနေပြီလို့ ပြော

Rakhita Times

စကမဟာ မင်းတပ်ရရင် ပလက်ဝကနေ ရက္ခိုင်ကို ဦးတည်မယ်လို့ ဆလိုင်းယောမာန် ပြော

Rakhita Times

စစ်တွေနဲ့ ပေါက်တောကို စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက် ဗုံးလာကြဲ

Rakhita Times

Leave a Comment