EnvironmentNewsPolitic

ဒီကနေ့ကနေ နောက် နှစ်ရက်အထိ ရက္ခိုင်တွင် မိုးအများဆုံး ရွာသွန်းနိုင်လို့ ရေကြီးမှုတွေ သတိပြုရန်လို

အာရက္ခတိုင်းမ်စ် (၁၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်တွင် ဇူလိုင်လ ၁၁ ရက်နေ နောက် နှစ်ရက်အထိ မိုးအများဆုံး ရွာသွန်းနိုင်လို့ ရေလျှံ၊ ရေကြီးမှုတွေ သတိပြုရန် လိုအပ်တယ်လို့ သိရပါတယ်။

“မိုးအများဆုံး ရွာနိုင်တဲ့ ဒေသကတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရက္ခိုင်ပြည်တို့တွင် မုတ်သုံလေတွန်းအားကြောင့် လာမယ့် ၂၄ နာရီအတွင်း (ဒီကနေ့) နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မြစ်ရေလျှံမှုနဲ့ လျှပ်တစ်ပြက် ရေကြီးမှုများကို သတိပြုရန် လိုအပ်ပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

တိုင်ဖွန်းမုန်တိုင်း BAVI ကြောင့် မြန်မာနိုင်ငံတွင် တိုက်ရိုက် အန္တရာယ်မရှိသော်လည်း၊ ပုံမှန် မုတ်သုံလေ အခြေအနေအရ ကမ်းရိုးတန်းဒေသများနဲ့ တောင်ပေါ်ဒေသများတွင် မိုးကြီးခြင်း၊ မိုးထစ်ချုန်းခြင်းများ ရှိနေဦးမှာဖြစ်လို့ ရာသီဥတု သတင်းများနဲ့ မြစ်ရေ အခြေအနေ သတင်းများကို ဆက်လက် စောင့်ကြည့်ကြပါရန် အကြံပြုလိုပါတယ်လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။

“ရက္ခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ မြန်မာနိုင်ငံအထက်ပိုင်း (စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်) တို့တွင် မုတ်သုံလေ အားကောင်းမှုကြောင့် ၃ ရက်အတွင်း မိုးအများဆုံး ရွာသွန်းနိုင်ကြောင်း တညီတညွတ်တည်း ပြသနေပါတယ်” လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

Related posts

စကမဟာ မင်းတပ်ရရင် ပလက်ဝကနေ ရက္ခိုင်ကို ဦးတည်မယ်လို့ ဆလိုင်းယောမာန် ပြော

Rakhita Times

မြောက်ဦးတွင် ၄ နှစ်အရွယ် ကလေးငယ်တဦးကို အသက် ၆၀ အရွယ်က အဓမ္မပြုကျင့်

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး မနက်ဖြန် အမိန့်ချမယ်

Rakhita Times

34 comments

Leave a Comment