အာရက္ခတိုင်းမ်စ် (၁၁ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ဂွမြို့နယ်ကို ရွေးတုအစိုးရတပ်က ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
ရွေးတုအစိုးရတပ်ဟာ ဂွမြို့နယ် ပေါက်တူးကျေးရွာနဲ့ ဓနိအုပ်စု ကုလားချောင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် မောင်ဖိုးသားလေး၊ အသက် ၃၀ အရွယ် မောင်အောင်သူဖြိုး၊ အသက် ၅၃ နှစ်အရွယ် ဒေါ်မမလေး နဲ့ အသက် ၅၄ နှစ်အရွယ် ဦးညွန့်မောင်တို့ ၄ ဦး သေဆုံးခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မဝါဆိုမိုး နဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်သန်းမြတို့ ၂ ဦးမှာလည်း ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာက စာသင်ကျောင်းနဲ့ လူနေအိမ်တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်။
ရက္ခိုင်ပြည်တွင် ဒီရက်ပိုင်းအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျေးရွာအချို့ နေအိမ်များ ပျက်စီးခြင်း၊ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နဲ့ မင်းပြားမြိုနယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်း စတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရေဘေးဒဏ်သင့်ပြည်သူများကို အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေရချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အပြစ်မဲ့ ပြည်သူများကို လူသားချင်း စာနာခြင်း ကင်းမဲ့စွာနဲ့ အခုသို ထပ်မံပြီး အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်းနေခြင်းအပေါ် မိမိတို့ ULA/AA အနေနဲ့ ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချပါတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
(ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်) စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများ ပါဝင်ပါတယ်

4 comments
References:
Casinos san diego google.ge
References:
Coral casino https://provaforum.flarum.cloud/
References:
Online slots games https://www.tellyflix.com
References:
Entree holland casino https://jp.wikiabroad.com/d/18-payid-online-pokies-best-sites-for-aussie-players-2026