NewsPolitic

ရက္ခိုင်မှာ ရေကြီးချိန် ကျောက်ထုကို ရွေးတုအစိုးရ စစ်အင်အား ၄၀၀ ထပ်ပို့ပြီး လမ်းပိတ်ဆို့

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်တွင် ဇူလိုင်လဆန်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေချိန်တွင် ရွေးတုအစိုးရဟာ ရက္ခိုင်ပြည်ရဲ့ ထွက်ပေါက် ဝင်ပေါက်ဖြစ်တဲ့ ကျောက်ထုကို စစ်အင်အား ၄၀၀ ထပ်ပို့ကာ လမ်းပိတ်ဆို့မှုတွေ လုပ်ခိုင်းထားတယ်လို့ သိရပါတယ်။

“စစ်ကြောင်းက ယနေ့ ကျောက်ထုကို အရောက်သွားရမယ်လို့ သိရတယ်၊ ပေါက်ဖက်က ပါလာတာက ကား ၂ စီးနဲ့ တပြင်းမှာ အရင်စစ်ကြောင်းက သိမ်းယူထားတဲ့ ပြည်သူပိုင်ကား ၆ စီးရယ်၊ စုစုပေါင်း ကား ၈ စီးနဲ့ ထွက်ဖို့ပြင်နေကြတယ်” လို့ ယောအလင်းတန်းက ဒေသတွင်းသတင်းရင်းမြစ်က ပြောကြောင်း ဆိုပါတယ်။

အဆိုပါ ရွေးတုအစိုးရရဲ့ စစ်ကြောင်းဟာ တပြင်း၊ အညာပန်းပလွန်း၊ အကြည်ပန်းပလွန်း၊ နသိုး၊ ငရက်ချဥ် စတဲ့ကျေးရွာတွေနဲ့ ကျောက်ထုကားလမ်းမကြီး နေရာတွေမှာ ရှိနေတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဧပြီလကတည်းက ရက္ခိုင်ပြည်ရဲ့ ထွက်ပေါက် ဝင်ပေါက် နေရာဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် အင်အား ၂၀၀ ကျော်နဲ့ အထိုင်ဂိတ်ချထားတာလည်း ဖြစ်ပါတယ်။

အလားတူ မေလမှာလည်း အင်အားထောင်ချီတဲ့ စစ်အင်အားတွေကို ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ ကို ပို့ဆောင်ပြီး အနီးအနားဝန်းကျင်တွေကို စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းချခြင်း၊ ကင်းလှည့်ခြင်းများ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး ၁ ဦး AA စနိုက်ဘာကြောင့် သေဆုံး

Rakhita Times

စစ်တွေက စကမတပ်သားများ အုပ်စုလိုက်ထွက်ပြေးနေ

Rakhita Times

မင်းပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတဦးကို ဒီလပ် ဖမ်းဆီးရမိ

Rakhita Times

2 comments

Leave a Comment