NewsPolitic

ဧရာဝတီတိုက်ပွဲတွင် AA လက်ချက်နဲ့ ဗိုလ်မှူးတွေပါ သေဆုံးမှုတွေ ရှိနေ

အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်နဲ့ ဧရာဝတီအစပ်တွင် ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲအတွင်း အာရက္ခတပ်တော်ရဲ့ လက်ကြောင့် ရွေးတုအစိုးရတပ်က ဗိုလ်မှူးအဆင့် အရာရှိတွေပါ သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“‎​တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်တပ်က ဗိုလ်မှူးတစ်ဦးဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ် နတခရှိ မဆရ (၄) တွင် ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ပြီး ဗိုလ်မှူးအလောင်းကို ဇူလိုင်လ ၂၃ ရက် နံနက်က ရွှေမြင်တင်သုသာန်ကို သွားရောက် ပို့ဆောင်ခဲ့ကြတယ်” လို့ သတင်းအထူးတပ်ဖွဲ့ – ပုသိမ်က ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

အဆိုပါ သိမ်းခံလိုက်ရတဲ့ ကာကင်းတွေနဲ့ ပွိုင့်စခန်းတွေကို ရွေးတုအစိုးရတပ်ဟာ ပြန်လည် ရရှိရေးအတွက် စစ်အင်အားတွေ ဖြည့်တင်းကာ ပြန်လည် ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

‎​လက်ရှိမှာတော့ အဆိုပါ တိုက်ပွဲများတွင် ရွေးတုအစိုးရတပ်ဘက်က သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အများအပြား ရှိနေလို့ ပုသိမ်စစ်မြေပြင် ဆေးတပ်ရင်း မဆရ (၄) အပြင် ပုသိမ်ဆေးရုံကိုပါ ပို့ထားရပြီး ဒဏ်ရာရရှိသူ များတဲ့အတွက် ဟင်္သာတဆေးရုံကို ခွဲဝေ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ မြေမြှုပ်ထားခဲ့ပြီး ဒဏ်ရာ ရရှိခဲ့တဲ့ အရာရှိစစ်သည်တွေကို လေကြောင်းတိုက်မှုတွေ ပြုလုပ်ပြီး သယ်ထုတ်နေတယ်လို့ သိရပါတယ်။

Related posts

AA က စက်တပ်လေထီး နှစ်စင်း ပစ်ချနိုင်ခဲ့

Rakhita Times

မြောက်ဦးတွင် ရပ်ကွက်အချို့ ရေနစ်မြုပ်

Rakhita Times

AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကို စကမ ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment