HealthNewsPolitic

ကျောက်တော်က ငှက်ဖျားဖြစ်နေတဲ့ ရွာ ၂ ရွာကို AA မြေပြင်ဆင်း စစ်‌ဆေးပေးနေ

အာရက္ခတိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က ငှက်ဖျားရောဂါ အဖြစ်များနေတဲ့ ကျေးရွာ ၂ ရွာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၉ ရက်နဲ့ ၂၃ ရက်တွင် မြေပြင်ဆင်း စစ်ဆေးပေးခဲတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မြေပြင်ဆင်း စစ်ဆေးပေးခဲ့တဲ့ ကျေးရွာတွေကတော့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ငတရံရွာနဲ့ တောင်ပေါက်ရွာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ မြေပြင်ဆင်း စစ်ဆေးရာတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနအပြင် မြို့နယ်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid  Response Team- RRT)၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နဲ့ ကျေးလက်ကျန်းမာရေးဌာနက ဝန်ထမ်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။

ငတရံရွာက ရွာသား ၁၂၃ ဦးကို ငှက်ဖျားဆေးစစ်ရာတွင် ၄၁ ဦးတွင် ငှက်ဖျားပိုး တွေ့ရှိခဲ့ပြီး တောင်ပေါက်ရွာက ရွာသား ၉၆ ဦးကို စစ်ဆေးရာ ၈ ဦးမှာ ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အဆိုပါ ရွာ ၂ ရွာကို ဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့လည်း သိရပါတယ်။

Related posts

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times

ရေသန့်ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းများ ULA ရဲ့ FDA ဌာန ထုတ်ပြန်

Rakhita Times

စကမက ရက္ခိုင်တောင်ပိုင်းကို စစ်ရေးပြနေတာဟာ စစ်မြှူတာသာဖြစ်

Rakhita Times

Leave a Comment