NewsPolitic

ခမီရိုးရာ “ယာဟင်းကိုင်ပွဲ” ပုဏ္ဏားကျွန်းတွင် ပြုလုပ်

အာရက္ခတိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် ခမီလူမျိုးတွေရဲ့ ရိုးရာဓလေ့ပွဲ တစ်ခုဖြစ်တဲ့ “ယာဟင်းကိုင်ပွဲ” ကို ဇူလိုင်လ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယာဟင်းကိုင်ပွဲဆိုတာ “လယ်ယာ၊ တောင်ယာများတွင် စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်သီးနှံများ ဖြစ်ထွန်အောင်မြင်ရန်အတွက် လယ်စောင့်နတ်၊ တောင်စောင့်နတ်၊ အိမ်စောင့်နတ် အစရှိတာတွေကို ပူဇော်ပသတဲ့ ရိုးရာဓလေ့ တစ်ခု” လို့လည်း သိရပါတယ်။

လယ်ယာ၊ တောင်ယာများတွင် စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်ပင်များကို သတ်မှက်ထားတဲ့ နေ့ရက်တွင် ကြက်သွေး၊ ဝက်သွေးတွေနဲ့ ပူဇော်ပသပြီးမှ စိုက်ပျိုးထားတဲ့ ဟင်းသီး၊ ဟင်းရွက်များကို ခူးယူရတယ်လို့လည်း သိရပါတယ်။

သက်မှတ်ထားတဲ့ နေ့ရက်မတိုင်ခင် ခူးယူ စားသောက်ခြင်းများ ပြုလုပ်ပါက သစ္စာဖောက်ရာရောက်ပြီး တောတောင်များရှိ သတ္တဝါများရဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တဲ့ အယူအဆများ ရှိတယ်လို့လည်း သိရပါတယ်။

“ယာဟင်းကိုင်ပွဲ” ပူဇော်ပသမှုများ ပြုလုပ်ပြီးနောက် ပွဲကို တက်ရောက်လာသူများအား အသား ငါး၊ ခမီလူမျိုးတွေရဲ့ ရိုရာ ခေါင်ရည်များနဲ့ ဧည့်ခံကျွေးမွေးပြီး ဆွေမျိုးသားချင်များအချင်းချင်း ကြက်၊ ဝက် စတဲ့ လက်ဆောင်များ ပို့ပေးရတယ်လို့လည်း သိရပါတယ်။

အဆိုပါ “ယာဟင်းကိုင်ပွဲ” ကို ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA) တာဝန်ရှိပုဂ္ဂိုလ်များ၊ ခမီလူမျိုးစုရေးရာက အကြီးအကဲများနဲ့ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Ref & Photo – APM

Related posts

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ၁ ဦးသေဆုံး

Rakhita Times

ကျောက်ဖြူ နဲ့ စစ်တွေက နေရာအများစုကို စကမ လက်လွှတ်လိုက်ရကြောင်း ဝန်ခံ

Rakhita Times

ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ

Rakhita Times

Leave a Comment