အာရက္ခတိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က ငှက်ဖျားရောဂါ အဖြစ်များနေတဲ့ ကျေးရွာ ၂ ရွာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၉ ရက်နဲ့ ၂၃ ရက်တွင် မြေပြင်ဆင်း စစ်ဆေးပေးခဲတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မြေပြင်ဆင်း စစ်ဆေးပေးခဲ့တဲ့ ကျေးရွာတွေကတော့ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ငတရံရွာနဲ့ တောင်ပေါက်ရွာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကဲ့သို့ မြေပြင်ဆင်း စစ်ဆေးရာတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနအပြင် မြို့နယ်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team- RRT)၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နဲ့ ကျေးလက်ကျန်းမာရေးဌာနက ဝန်ထမ်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။
ငတရံရွာက ရွာသား ၁၂၃ ဦးကို ငှက်ဖျားဆေးစစ်ရာတွင် ၄၁ ဦးတွင် ငှက်ဖျားပိုး တွေ့ရှိခဲ့ပြီး တောင်ပေါက်ရွာက ရွာသား ၉၆ ဦးကို စစ်ဆေးရာ ၈ ဦးမှာ ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အဆိုပါ ရွာ ၂ ရွာကို ဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့လည်း သိရပါတယ်။
