HealthNewsPolitic

စစ်ရှောင် ၅၈ ဦးကို ထပ်မံ မျက်စိခွဲစိတ် ကုသပေး

အာရက္ခတိုင်းမ်စ် (၁၃ သြဂတ် ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူ မျက်စိဝေဒနာရှင် ၆၇၈ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားရောက်စမ်းသပ် စစ်ဆေးပေးခဲ့ပြီး ၅၈ ဦးကိုတော့ ကနဦးအနေနဲ့ ခွဲစိတ် ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

“အခုက တတိယအကြမ်ပေါ့။ မျက်စိ ခွဲစိတ် ကုသဖို့ လိုအပ်နေသူက ၁၅၂ ဦး ရှိပါတယ်။ ကနဦး အနေနဲ့ ၅၈ ဦးကိုတော့ ခွဲစိတ် ကုသပေးခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း လိုအပ်တဲ့သူတွေကို ခွဲစိတ် ကုသပေးဖို့ လုပ်သွားမှာပါ” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မျက်စိ ခွဲစိတ်ကုသပေးခြင်းနဲ့အတူ မျက်မှန် တပ်ဆင်ရန် လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူ ၉၆ ဦးကိုလည်း မျက်မှန်တပ်ဆင်ပေးရန် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အလားတူ မေလ တတိယအပတ်ကလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိဝေဒနာရှင် ၂၂၃ ဦးကို ကုသမှုပေးခဲ့ပြီး အဆိုပါသူထဲမှ မျက်စိအတွင်းတိမ်လူနာ ၃၃ ဦး၊ မျက်သားခြစ်လူနာ ၅ ဦးနဲ့ ပါဝါမျက်မှန်တပ်လူနာ ၂၁ ဦး စုစုပေါင်း ၅၉ ဦးကို ဒုတိယအကြိမ် ကုသပေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ပထမအပတ်ကလည်း စစ်ဘေးရှောင်ပြည်သူ ၂၀၀ ဝန်းကျင်ကို ကုသပေးခဲ့ပြီး ၂၇ ဦးကိုတော့ မျက်စိ ခွဲစိတ် ကုသပေးခဲ့တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။
Photo – အာရက္ခပြည်သူ့ကျန်းမာရေးဌာန

Related posts

မာန်အောင်လေဆိပ်ကို ATR 72-600 လေယာဉ် ဆင်းနိုင်အောင် လုပ်မယ်လို့ ရွေးတုအစိုးရ ပြော

Rakhita Times

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

Rakhita Times

စစ်တွေမှာ စကမ က အခြေခံစားကုန်တွေ ရောင်းပေးနေ

Rakhita Times

7 comments

Leave a Comment