NewsPolitic

စစ်အုပ်စုက အရင်အစိုးရတွေလို ဒုက္ခကနေ ကျော်ထွက်နိုင်မယ်မထင်ဘူး

အာရက္ခတိုင်းမ်စ် (၁၂ ဩဂုတ် ၂၀၂၆)

လက်ရှိ ရွေးတုအစိုးရကနေ တက်လာတဲ့ အရပ်သားအယောင်ဆောင် စစ်အုပ်စု အစိုးရတစ်ရပ်အနေနဲ့ အရင် အရပ်သားအစိုးရတွေလိုမျိုး မြန်မာနိုင်ငံရဲ့ ဒုက္ခကနေ ကျော်ထွက်နိုင်မယ် မထင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု လောလောဆယ်မှာတော့ စစ်တပ်က အခုချိန်ထိ သူက သူ့ကိုယ်သူ ဟုတ်သေးတယ်လို့ ထင်နေသေးတာ။ သူတို့ ပြောတာ ဆိုတာတွေ ဘာတွေ ကြည့်ရင် နိုင်ငံရေးတွေ တချို့ကလည်း ဘာပဲဖြစ်ဖြစ် သူတို့ အကျိုးစီးပွားကနေ ထောက်ခံပေးနေတာ အားပြုပေးနေတာ ဒါတွေ ရှိတော့ ဒီဒုက္ခကနေ တခြားအစိုးရတွေလို ကျော်ထွက်နိုင်မယ်လို့တော့ ကျမ မထင်ဘူး။ ဒီဟာက စစ်အစိုးရဟာ နောက်ဆုံး စစ်အစိုးရပဲ၊ စစ်အာဏာရှင်စနစ်က ဒါကို ကျမတို့ တစ်ပြည်လုံး ပြည်သူတွေက ညီညီညွတ်ညွတ် တက်ညီလက်ညီနဲ့ ဆက်တိုက်ကြရမယ်။ ဆက်တိုက်တယ်ဆိုတာ လက်နက်နဲ့တင် မဟုတ်ဘူးပေါ့။ နည်းနာပေါင်းစုံနဲ့ ဆက်တိုက်ကြမယ်ဆိုရင် ကျမတို့ ဒီစစ်အာဏာရှင် လက်ကနေ လွတ်မြောက်နိုင်မှာ။ ဒါက ခက်တော့ ခက်ခဲတယ်။ သို့သော်လည်း ကျမတို့ ရမှာပါ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းခဲ့ပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတဆင့် ပေါ်ပေါက်လာတဲ့ အစိုးရ တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်တာကြောင့် အာဆီယံအထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနဲ့ အခန်းကဏ္ဍတွေ ဆက်လက်လိုအပ်တော့မှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ တန်းတူညီမျှမှုနဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးဆိုတဲ့ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လေး စားလိုက်နာသင့်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဖိအားပေးတာနဲ့ ဝင်ရောက်စွက်ဖက်တဲ့ သဘောဆောင်တဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားဖို့ စစ်ကောင်စီဘက်က ဆိုထားပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ နိုင်ငံခြားရေးမူဝါဒအတိုင်း ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်အပေါ် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ရဲ့ ဌာနေကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က တွေ့ဆုံခဲ့တာကို နိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Related posts

PSLF/TNLA အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ ကျင်းပ

Rakhita Times

စစ်ကောင်စီရဲ့ နေဗီတစီး မီးလောင်နစ်မြုပ်

Rakhita Times

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

Rakhita Times

Leave a Comment