NewsPolitic

ရသေ့တောင်ကို ရွေးတုအစိုးရ ထပ်မံ ဗုံးကြဲတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၈ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက်ပိုင်မှာ ထပ်မံ လာရောက် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“တံတားဦး​လေတပ်ကို ရက္ခိုင်ပြည် ​ရ​သေ့​တောင်မြို့နယ်​​တွင် မနက် ၉ နာရီ ၁၈ မိနစ်ခန့် အချိန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ Yak-130 Fighter Jet (၁) စီး အ​နောက်အရပ်က ဆင်းသက်” လို့ ရွေးတုအစိုးရတပ်ရဲ့ လေယာဉ်စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

လက်ရှိမှာတော့ ရွေးတုအိုးရတပ်က ရသေ့တောင်မြို့နယ်ကို ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ သိရပြီး နေရာ အတိအကျနဲ့ ပျက်စီးစာရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ မနေ့ကလည်း ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်ဇီးကိုင်းကျေးရွာနေ ဒေါ်သန်းမေနု နဖူးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Related posts

ဂွမြို့နယ် တွင် ဗုံးကြဲခံရသဖြင့် ပြည်သူ ၅ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Rakhita Times

ဘူးသီးတောင်က မူဆလင်လူငယ်တွေ ပညာသင်ကြားနိုင်ရန် AA နဲ့ မော်လဝီဆရာများ တွေ့ဆုံဆွေးနွေး

Rakhita Times

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

Rakhita Times

2 comments

Leave a Comment