NewsPolitic

ဧရာဝတီတိုင်းကို စစ်ကောင်စီ အင်အားဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်နဲ့ နယ်နိမိတ်ထိစပ်တဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က ရန်ကုန်နဲ့ ဧရာဝတီကို ဆက်သွယ်ထားတဲ့ အဓိကအဝေးပြေးလမ်းတွေကနေ အင်အားနဲ့ လက်နက်ခဲယမ်း ဆက်တိုက် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်ကနေ ၃၁ ရက်အတွင်း ရန်ကုန်-ပုသိမ်နဲ့ ရန်ကုန်-ဟင်္သာတ လမ်းပိုင်းတွေမှာ စစ်မှုထမ်းသစ်တွေ တင်ဆောင်လာတဲ့ စစ်ကား ၁၀၀ ကျော်အပြင် စက်သုံးဆီတင်ကားတွေပါ ဖြတ်သန်းသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လှိုင်သာယာ အမှတ် (၉) ရဲလေ့ကျင့်ရေးတပ်ကနေ ဧရာဝတီတိုင်းအတွင်းကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြန့်ကြက် ပို့ဆောင်နေတယ်လို့ သိရတယ်။

တိုင်းနှစ်ခုအစပ်က အဓိကစစ်ဆေးရေးဂိတ်ကြီး ၃ ခုမှာ လုံခြုံရေးတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေဆီက ငွေကြေးတွေ ကောက်ခံနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ်-ဟင်္သာတလမ်းပိုင်းတွေကိုလည်း သုံးပြီး ရှေ့တန်းစစ်မျက်နှာကို အင်အားဖြည့်တင်းနေပြီး ကုန်းလမ်းအပြင် ပုသိမ်လေတပ်စခန်းကနေ လေကြောင်း၊ ငဝန်မြစ်ကြောင်းကနေ စစ်သင်္ဘောတွေနဲ့ ရေကြည်နဲ့ ငါးသိုင်းချောင်းဘက်ကို အင်အားတွေ ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပုသိမ်-မုံရွာလမ်းပိုင်း လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ လုံခြုံရေး အထူးသတိထားဖို့ အာရက္ခတပ်တော် (AA) ကလည်း တရားဝင် သတိပေး ထုတ်ပြန်ထားပါတယ်။

Related posts

ကျောက်တော်က နေရာ ၃ ခုထက်မနည်းကို စကစ လေယာဉ်အုပ်စုလိုက် ဗုံးကြဲ

Rakhita Times

မြောက်ဦးမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို AA ကူညီပေးနေ(ဓာတ်ပုံသတင်း)

Rakhita Times

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

Leave a Comment