NewsPolitic

ငါးခိုးဖမ်းသမား၂၄ ဦးကို BGB ထံ AA လွှဲပြောင်းပေး

အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ သြဂုတ်လ ၁၉ ရက် နေ့လည် ၁ နာရီခွဲတွင် အာရက္ခတပ်တော်က ပြန်လည် လွှဲအပ် ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦးဟာ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း မောင်တောမြို့နယ် ကျောက်ပန္ဒူ၊ အင်းဒင်ကမ်းခြေအနီးတွင် တရားမဝင် လာရောက် ငါးခိုးဖမ်းခဲ့သူတွေပဲ ဖြစ်ပါတယ်။

သူတို့ကို အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေနဲ့အညီ တရားရုံးက ပြစ်ဒဏ်များချမှတ်ကာ ပြစ်ဒဏ်ကျခံခဲ့သူများလည်း ဖြစ်ပါတယ်။

အဆိုပါ ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦးကို နောက်နောင်တွင် တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခြင်း လုံးဝ မပြုလုပ်တော့ပါကြောင်း ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ လွှဲ‌ပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦးကို အာရက္ခတပ်တော် တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံ နတ်မြစ်ဝအတွင်း နယ်စည်းမျဉ်းတစ်နေရာတွင် လွှဲပြောင်း ပေးအပ်ခဲ့တာလို့လည်း သိရပါတယ်။
Photo- APM

Related posts

စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ်ပျက်စီး

Rakhita Times

တရုတ်ကို ဟန့်မတားနိုင်ရင် နိုင်ငံအစိတ်စိတ်အမွှာမွှာ ကွဲတဲ့အထိ ဖြစ်နိုင်

Rakhita Times

အရပ်သားပြည်သူများကို သတ်ဖြတ်နေတဲ့ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေကြောင့် မောင်တောမြောက်ပိုင်းဒေသခံများ လုံခြုံရေး စိုးရိမ်နေရ

Rakhita Times

1 comment

Leave a Comment