Politic

ပလက်ဝက ကလေးတွေစာသင်တဲ့ နေရာကို ဗုံးကြဲလို့ ကလေးငယ် အပါ ၆ ဦးခန့် သေဆုံး၊ ၃၀ နီးပါး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဩဂုတ် ၂၀၂၆)

ပလက်ဝမြို့နယ် စိမ်းညှင်းဝ ရွာဟောင်းက ကလေးတွေ စာသင်နေတဲ့ ဓမ္မာရုံကို ရွေးတုအစိုးရက ဒီကနေ့ နေ့လည် ၁၁ နာရီခန့်မှာ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ နီးပါး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“စိမ်းညှင်းဝ ရွားဟောင်းက ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံကို ဗုံး ၆ လုံးကြဲချခဲ့တာ။ လေယာဉ် အနည်းဆုံး ၂ စီးနဲ့ပေါ့။ သေတာရော ဒဏ်ရာ ရတာပါ ကလေးတွေ များတယ်” လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရ ဗုံးကြဲ တိုက်ခိုက်လို့ သေဆုံးသွားသူတွေကတော့ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝရွာက အသက် ၁၀ နှစ်အရွယ် မောင်မြတ်ကျော်နိုင်၊ မောင်ထက်မြတ်ကျော်၊ အသက် ၃၆ နှစ်အရွယ် ကိုမောင်ထွန်းစိန်၊ အသက် ၄၆ နှစ်အရွယ် ဦးမောင်လှစိန်နဲ့ အသက် ၇၁ နှစ်အရွယ် ဦးစံထွေးခိုင် ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ အသက် ၇ နှစ်အရွယ် မသော်တာ၊ အသက် ၈ နှစ်အရွယ် မခိုင်အေးဆန်း၊ အသက် ၉ နှစ်အရွယ် မောင်မင်းမြတ်သူနဲ့ မောင်ခိုင်လင်းဟိန်း၊ အသက် ၁၀နှစ်အရွယ် မောင်နေပိုင်ဖြိုး၊ အသက် ၁၁ နှစ်အရွယ် မောင်နိုင်စိုးလင်း၊ အသက် ၁၂ နှစ်အရွယ် မတင်တင်စိုး၊ အသက် ၁၃ နှစ်အရယ် မချမ်းအေးမေ၊ အသက် ၂၇ နှစ်အရွယ် မဝင်းမြဦး၊ အသက် ၃၅ နှစ်အရွယ် မချစ်စုဝေ၊ အသက် ၄၀ အရွယ် မရွှေယိုင်နု၊ အသက် ၄၅ နှစ်အရွယ် ဒေါ်လှသန်းဝင်း၊ အသက် ၄၈ နှစ်အရွယ် ဦးတင်အောင်ထွန်းနဲ့ ဦးတင်ထွန်း၊ အသက် ၆၀ အရွယ် ဒေါ်ဝဲဒိုးမ နဲ့ အသက် ၉၇ နှစ်အရွယ် ဒေါ်အောင်မြစိန် ဖြစ်တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝရွာကို သြဂုတ်လ ၂၄ ရက်၊ နေ့လည် ၁၁ နာရီ ၉ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၁၆ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး၊ ပေါင် ၃၀၀ ဗုံးတလုံးနဲ့ ရော့ကတ်သီး ၈ လုံးတို့ကို ကြဲချ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းထက် တောင်ပိုင်းတိုက်ပွဲရှောင်များ ပိုအခက်အခဲဖြစ်နေ

Rakhita Times

ပုဏ္ဏားကျွန်းကို ဗုံးကြဲလို့ နေအိမ်အချို့ ပျက်စီး

Rakhita Times

မကွေးနယ်စပ်ကို အင်အားလာဖြည့်တဲ့ ဗိုလ်ကြီး ၂ ဦး အပါ ၁၂ ဦး အရှင်ဖမ်းမိ

Rakhita Times

306 comments

Leave a Comment