NewsPolitic

ပုဏ္ဏားကျွန်းကို ဗုံးကြဲလို့ နေအိမ်အချို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၅ မေ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ပေါ်ကို စစ်ကော်မရှင်က ဒီကနေ့ မေလ ၁၅ ရက် မနက် ၉ နာရီလောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ဂျက်လေယာဉ် ၂ စီးနဲ့ ပေါင် ၂၀၀ တလုံး ပေါင် ၃၀၀ တလုံး နှစ်လုံး ကြဲသွားတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်က နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

“အရပ်သားပြည်သူတို့ရဲ့ နေအိမ်များကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ လေကြောင်းအားကိုးပြီး ဖျက်စီးတိုက်ခိုက်မှုအပေါ် အလွန်ရွံစရာ ကောင်းတဲ့လုပ်ရပ်လို ရှုမြင်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုပ်ချပါတယ်” လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။

အလားတူ မြန်မာစစ်တပ်ရဲ့ အခုလို လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို နိုင်ငံတကာအနေနဲ့ အရေးယူပေဖို့ကိုလည်း အာရက္ခပြည်သူများကိုယ်စား တောင်းဆိုအပ်ပါလို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။
Photo – PYA

Related posts

■ အိန္ဒိယနဲ့မြန်မာထက် နောက်ကျနေတဲ့ ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင် ရေနံနဲ့ဓာတ်ငွေ့ ရှာဖွေရေး

Rakhita Times

ULA/AA၊ အာရက္ခပြည်သူများနဲ့ ပဉ္စသိင်္ခနတ်စောင်းသံ

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့ အထိမ်းအမှတ် မွတ်ဆလင် ၈၀ ကျော် လွတ်ငြိမ်းခွင့်ပေး

Rakhita Times

180 comments

Leave a Comment