NewsPolitic

စစ်ကောင်စီဟာ “စစ်ရှုံးတပ်” ဖြစ်နေပြီလို့ AA ပြော

အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် စက်တင်ဘာလ ၄ ရက်က စတင်ပြီး စစ်ကောင်စီတပ်က နေရာ ၄ ခုမှ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန် ထိုးစစ်များကြောင့် တပ်လန်ခဲ့ပြီး “စစ်ရှုံးတပ်” အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က စက်တင်ဘာလ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ဟာ ရက္ခိုင်ပြည် အပါအဝင် အနည်းဆုံး စစ်မျက်နှာပြင် ၇ ခုမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ တချို့စစ်မျက်နှာပြင်တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မြေပြင်စစ်ရေးမှာ အာရက္ခတပ်တော် ရဲ့ တန်ပြန်ထိုးစစ်တွေကို မကျော်လွှားနိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ စစ်မြေပြင် အရှုံးတွေကို အရပ်သား ပြည်သူတွေအပေါ်ပုံချပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဈေးတွေနဲ့ လူနေထူထပ်တဲ့ ကျေးရွာ၊ ရပ်ကွက်တွေအပြင် သာသနိကအဆောက်အအုံတွေနဲ့ ရှေးဟောင်း အမွေအနှစ်နေရာတွေကိုပါ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ULA/AA က ဆိုပါတယ်။

အရပ်သား ပြည်သူတွေအပေါ် လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေမှုတွေနဲ့ ပတ်သက်ပြီး အမိန့်ပေးသူတွေ၊ အမိန့်လိုက်နာပြီး ပစ်ခတ်သူတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အထူး မှတ်တမ်းတင်ထားပြီး “တူညီပြီး ထိုက်တန်သော တုံပြန်မှုမျိုးကို မနှေးမကြာ အချိန်အတွင်း လက်တုံ့ပြန်သွားမယ်” လို့လည်း ULA/AA က ထုတ်ပြန်ထားပါတယ်။

Related posts

AA သင်တန်းပေးခဲ့တဲ့ နွေဦးတော်လှန်ရေးတပ် သင်တန်းဆင်း

Rakhita Times

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်

Rakhita Times

စနဲမြို့ကို စကမ ဒရုန်းနဲ့ဗုံးကြဲ၊ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွား

Rakhita Times

Leave a Comment