NewsPolitic

အပေါက်တောင်-စနဲလမ်းကြောင်းတွင် တိုက်ပွဲပြင်းထန်၊ တပ်မိသားစုများ အရေးပေါ်ရွှေ့ပြောင်း

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် အပေါက်တောင်-စနဲလမ်းကြောင်းတွင် စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် တို့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ရေတပ်စခန်းအနီးရှိ လက်ကျန် တပ်မိသားစုများကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းသွားကြတယ်လို့ သိရပါတယ်။

အဆိုပါ လမ်းကြောင်းတွင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်က စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်ဆင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း အာရက္ခတပ်တော် ရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပြီး၊ စက်တင်ဘာလ ၂၈ ရက်တွင် စစ်ကောင်စီက တစ်ကျော့ပြန်ထိုးစစ်ကို ထပ်မံ ဖော်ဆောင်ခဲ့တာကြောင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်တွင် တောင်မော်ကြီးရေတပ်ဌာနရှိ စစ်ကောင်စီရဲ့ ကာကင်းတွေကို အာရက္ခတပ်တော် က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ ရေတပ်စခန်းအတွင်းကိုပါ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခံရမှုများ ရှိနေတယ်လို့ မြေပြင်စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက် ညနေပိုင်းတွင် တောင်မော်ကြီးစခန်းက လက်ကျန် စစ်ကောင်စီတပ်မိသားစုများကို စက်လှေများနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို အရေးပေါ် ရွှေ့ပြောင်း ပေးနေတယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင်လ ၂၈ ရက်ကနေ ဩဂုတ်လ ၄ ရက်အတွင်း တောင်မော်ကြီးအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ စစ်ကောင်စီတပ်မိသားစုများကို ကျောက်ဖြူမြို့ပေါ်ရှိ တပ်ရင်းများနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို ရွှေ့ပြောင်း ပေးခဲ့ပါတယ်။

Related posts

စကမရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြောက်ဦးလူငယ်များအစည်းအရုံး ရှုတ်ချ

Rakhita Times

ဉာဏ်တောနဲ့ရွှေသွန်းရွာတွင် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

သက္ကမကျောင်းသားတွေကို ULA ပညာရေးနဲ့ အားကစားရေးအတွက် ကူညီပေး

Rakhita Times

Leave a Comment