NewsPolitic

အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး အပူရှပ်သေဆုံးသူနဲ့ မူးလဲသူများ ဆက်တိုက်ရှိလာ

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆)

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရာသီဥတုအပူချိန် အရှိန်အဟုန်မပျက် မြင့်တက်နေပြီး ဒီရက်ပိုင်းအတွင်းမှာပင် အပူရှပ်လို့ သေဆုံးသူ ၂ ဦးအပြင် လေဖြန်းခြင်းနဲ့ မူးလဲမှုများ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဘုရင့်နောင် ကားပစ္စည်းဈေးဝင်းအတွင်း ဈေးလာဝယ်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး အပူရှပ်ကာ လေဖြန်းသွားခဲ့လို့ အင်းစိန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ တောင်ငူမြို့နယ် ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင်လည်း အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး အပူရှပ်မူးလဲလို့ တောင်ငူဆေးရုံကို ပို့ဆောင် ကူညီခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်ကလည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်တွင် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး အပူရှပ်မူးလဲလို့ နေရာမှာပင် သေဆုံးခဲ့ရပါတယ်။

အလားတူ အောက်တိုဘာလ ၇ ရက်ကလည်း မွန်ပြည်နယ် သထုံမြို့တွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေပူထဲ ဆိုင်ကယ်စီးနေစဉ် အပူရှပ်ကာ သတိမေ့လဲကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အပူချိန်ပြင်းထန်ချိန်တွင် ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်းနဲ့ သတိလစ်ခြင်းဟာ အသက်အန္တရာယ်အထိ ထိခိုက်နိုင်လို့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်လည်း လိုအပ်တယ်လို့ သိရပါတယ်။

Related posts

ကျောက်ဖြူ နဲ့ စစ်တွေက နေရာအများစုကို စကမ လက်လွှတ်လိုက်ရကြောင်း ဝန်ခံ

Rakhita Times

အာရက္ခရေပိုင်နက်ထဲသို့ ငါးခိုးဖမ်းရန် ဝင်ရောက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ AA ပြော

Rakhita Times

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times

Leave a Comment