NewsPolitic

အမြင့်ကျွန်းရှိ စစ်ကောင်စီရဲ့ စခန်းနှစ်ခုနဲ့ ရေချမ်းပြင်ရှိ ကင်းစခန်းငယ်ကို AA သိမ်းပိုက်ရရှိ

အာရက္ခတိုင်းမ်စ် (၁၃ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အာရက္ခတပ်တော် က အမြင့်ကျွန်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော်က ထိုးစစ်ဆင်မှုများကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဘက်တွင်လည်း စစ်ကောင်စီတပ်ရဲ့ ဘန်ကာများနဲ့ ကင်းစခန်းငယ်တွေကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“အမြင့်ကျွန်းက စခန်းနှစ်ခုရတယ်။ ရှေ့ဆက်ပြီးတော့လည်း တိုးနေတယ်။ နာရီကန်နားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်တပ်ဖက်က လက်နက်ကြီးတွေ ဒရုန်းတွေ လေယာဉ်တွေနဲ့ တောက်လျောက် ပစ်ကူပေးနေတယ်။ တိုက်ပွဲက အပြင်းထန်ဆုံး အနေအထားလို့တောင် ပြောလို့ရတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့တဲ့ အဆိုပါ ကင်းစခန်းငယ်တွေနဲ့ ဘန်ကာတွေကို အာရက္ခတပ်တော်က နယ်မြေရှင်းလင်းရေးနဲ့ ထိုးစစ်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

AA ဖမ်းဆီးထားတဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

Rakhita Times

■ တရုတ်နဲ့ ပါကစ္စတန်တို့ ချောင်းနေတဲ့ကြားက နျူကလီးယား အင်အားဖြည့်နေတဲ့ အိန္ဒိယ

Rakhita Times

ဂွမြို့ကို စကမ လေယာဉ်နဲ့ ၅ ကြိမ် လာရောက်ဗုံးကြဲ

Rakhita Times

Leave a Comment