NewsPolitic

အင်းတော်တွင် တိုက်ပွဲပြင်းထန်၊ AA နဲ့ ပူးပေါင်းမဟာမိတ်တပ် ခုခံတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၃ အောက်တိုဘာ ၂၀၂၆)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာကျေးရွာဘက်ကနေ ထွက်လာတဲ့ အင်အား ၁,၀၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ လေကြောင်းပစ်ကူများရယူကာ ဝန်းသိုမြို့နယ်ဘက်ကို ဦးတည် ထိုးစစ်ဆင်နေလို့ အာရက္ခတပ်တော် ပါဝင်တဲ့ ပူးပေါင်းမဟာမိတ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟ စက်တင်ဘာလကုန်ပိုင်းကစတင်ပြီး ကသာနဲ့ ထီးချိုင့်မြို့နယ်တို့ရှိ တပ်များကို စုစည်းကာ အင်းတော်ဘက်ကို ချီတက်လာခြင်းဖြစ်ပြီး အောက်တိုဘာလဆန်းပိုင်းတွင် မဲဇာကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်တွင် ပါအေအိုရွာကို ရောက်ရှိလာပြီး လက်ရှိတွင် ဝန်းသိုမြို့နယ်ဘက်ကို ဆက်လက် ထိုးဖောက်ရန် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့လို့ မဲဇာကျေးရွာအတွင်း ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရတဲ့အပြင် အောက်တိုဘာလ ၁၂ ရက်ကလည်း ကျောင်းကုန်းရွာကို ထပ်မံ ဗုံးကြဲခဲ့လို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ဝန်းသိုမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ လုံခြုံရေး အထူးသတိပြုကြရန်နဲ့ စစ်ကောင်စီတပ်များ အသုံးပြုနေတဲ့ ထီးချိုင့်-ကသာ ကားလမ်းပိုင်းကို ခရီးသွားလာခြင်း မပြုကြရန် တော်လှန်ရေးတပ်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Related posts

မင်းအောင်လှိုင် ကမ္ဘောဒီယားကို ဘာကြောင့်သွားမှာလဲ

Rakhita Times

ရက္ခိုင်ပြည်ကို စကမ တနေ့တည်း ဗုံးအလုံး ၆၀ ကျော်ကြဲ

Rakhita Times

PDF ထောက်ပံ့စရိတ် ကန်ဒေါ်လာ ၂၅သန်း သုံးစွဲထားပေမယ့် အညာဒေသဘက်မရောက်

Rakhita Times

Leave a Comment