NewsPolitic

အမ်းမြို့နယ် တပ်တောင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သံသယရှိသူကို ဒီလပ်ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အောင်သန်းရွှေကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်က တပ်တောင်မြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးရဲ့ မိခင်က သမီးကို ထမင်းစားဖို့ ခေါ်တုန်း မသင်္ကာဖွယ်တွေ့လို့ လိုက်ကြည့်ရာကနေ ဖြစ်စဉ်ကို သိရခဲ့တာ ဖြစ်ပြီး မိခင်က တားဆီးလိုက်လို့ စွပ်စွဲခံရသူဟာ ထွက်ပြေးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၁၂ ရက်မှာ နယ်မြေ ဒီလပ်စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။

တိုင်တန်းမှုအရ ဒီလပ်တပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ရာ အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီမှာ တပ်တောင်မြို့ တစ်ဖက်ကမ်းက ကျွဲကူးတောင်ရွာ ကူးတို့ဆိပ်အနီးမှာ ပုန်းအောင်းနေတဲ့ အသက် ၄၄ နှစ်အရွယ် အောင်သန်းရွှေကို ဖမ်းဆီးမိခဲ့ပြီး ဥပဒေအရ ဆက်လက် တရားစွဲတင်သွားမယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူလေဆိပ်ကို ဂျိုင်ရိုကော်ပတာ များစွာရောက်ရှိနေ

Rakhita Times

ကမ်းထောင်းကြီးကို စစ်ကောင်စီဗုံးကြဲ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံး

Rakhita Times

ရာစုသစ်ဘော်ဒါဆောင်က ကျောင်းသား မီးလောင်သေဆုံးမှုရဲ့ တရားခံနဲ့ သက်သေဖျောက်ဖျက်သူကို ဖမ်းမိ

Rakhita Times

Leave a Comment