NewsPolitic

နတခမှာ AA နဲ့ PDF ၂၈ ဦး အလင်းဝင်တယ်ဆိုတဲ့ စစ်ကောင်စီမီဒီယာ ထုတ်ပြန်ချက်ကို ဒေသခံတွေ သံသယရှိ

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက အောက်တိုဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီထုတ်ပြန်ချက်ကို ဒေသတွင်း သတင်းစောင့်ကြည့်သူတွေနဲ့ ပြည်သူတချို့ကြား သံသယရှိကြောင်း ပြောနေကြပါတယ်။

သတင်းစောင့်ကြည့်သူတွေက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲက ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ အလင်းဝင်လာတယ်ဆိုတဲ့ လူငယ်တွေရဲ့ မျက်နှာကို ဖုံးထားတာကို ထောက်ပြကြပါတယ်။

ဒါကို မြေပြင်မှာ အမှန်တကယ် လက်နက်ချတာမဟုတ်ဘဲ စစ်တပ်မိသားစုဝင်တွေ၊ မသင်္ကာလို့ ဖမ်းထားတဲ့ ဒေသခံလူငယ်တွေကို ဖိအားပေးပြီး ရိုက်ကူးထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

နတခ တည်ရှိတဲ့ ပုသိမ်မြို့နယ်ကို AA တပ်ဖွဲ့ဝင်တွေ ဝင်လာပြီး လက်နက်ချ အလင်းဝင်တယ်ဆိုတာဟာ ပထဝီဝင်အနေအထားနဲ့ စစ်မြေပြင်အခြေအနေအရ ယုတ္တိမတန်ဘူးလို့ ပြည်သူတချို့က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Related posts

မြေပုံက ရေလုပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး နှိပ်စက်

Rakhita Times

ဒေါက်တာညိုကို အားကိုးရတဲ့ သူပုန်ဖြူလို့ ဒေါက်တာဇော်ဝေစိုးပြော

Rakhita Times

လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးနိုင်ရန် AA လုပ်ဆောင်နေ

Rakhita Times

Leave a Comment