NewsPolitic

ဒေါက်တာညိုကို အားကိုးရတဲ့ သူပုန်ဖြူလို့ ဒေါက်တာဇော်ဝေစိုးပြော

အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကို အားကိုးရတဲ့ သူပုန်ဖြူလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ကျနော်တို့ ပြည်တွင်း ပြည်ပ ပြည်သူတွေအားလုံး တော်လှန်ရေး အင်အားစုတွေ အားလုံး ချစ်ခင်ရပါသော လေးစားရပါသော အားကိုးရပါသော သူပုန်ဖြူ” လို့ ဒေါက်တာဇော်ဝေစိုးက သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ ဒေါက်တာညိုထွန်းအောင်ရေးသားတဲ့ သူပုန်ဖြူ ကဗျာစာအုပ် လက်ခံရအပြီးမှာ ယခုလို ရေးသားဖော်ပြတာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဗိုလ်ချုပ်တို့ ခေါင်းဆောင်တို့ ပုခုံးပေါ် ရောက်နေပါပြီ” လို့လည်း ဒေါက်တာဇော်ဝေစိုးက ဆက်လက်ရေးသားထားပါတယ်။

ဒေါက်တာညိုထွန်းအောင်က ကဗျာစာအုပ် လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင် ဝမ်းသာ ကြည်နူးရပါတယ် ဒေါက်တာညိုရေ Congratulations ပါ သူပုန်ဖြူလို့ ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။

Related posts

စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးကို မိဘထံ AA ပြန်အပ်

Rakhita Times

မင်းပြားကို စကမ ဗုံးကြဲလို့ ပြည်သူ တဦး ပွဲချင်းပြီးသေဆုံး၊ တဦး ဒဏ်ရာရ

Rakhita Times

နှစ်ပေါင်း ၁၀၀ လောက်မှာ တခါရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ဖို့လိုလို့ ဒေါက်တာညိုထွန်းအောင်ပြော

Rakhita Times

264 comments

Leave a Comment