NewsPolitic

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းရွာက စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ နံနက် အာရုံတက် ၂ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ မကွေးလေတပ်စခန်းက ထွက်လာတဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ် ၂ စီးက ကြိမ်ချောင်းရွာက စာသင်ကျောင်းပေါ်ကို ဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေကို အသေးစိတ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၅ ရက်မှာလည်း သံတွဲမြို့ပေါ်က လူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

မြောက်ဦးတွင် ရှေးဟောင်း ရွှေထည်ရတနာများနဲ့ ရက္ခိုင်ဘုရင် လက်ထက် ငွေဒင်္ဂါး ၁၅၀ ခန့် တွေ့ရှိ

Rakhita Times

သက်ငယ်မုဒိန်းကျူးလွန်သူကို အမြန်ဆုံးအရေးယူပေးရန် ရ.က.သ တောင်းဆို

Rakhita Times

ခွန်ဥက္ကာ ဦးစီးသော PNLO-NCA-S သည် တရားမဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ကြေညာ

Rakhita Times

Leave a Comment