အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁ရက် နံနက်စောစော Y-12 လေယာဉ်နဲ့ ဗုံး ၃၄ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မကွေးလေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်က နံနက် ၃ နာရီခွဲကနေ ၄ နာရီခွဲကျော်အထိ ဝီရဌာနီမြို့ပေါ်ကို ဗုံး ၂၉ လုံး၊ ရွာချောင်းကြီးကျေးရွာကို ဗုံး ၅ လုံး၊ စုစုပေါင်း ၃၄ လုံး ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။
ရွာချောင်းကြီးကျေးရွာက အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်က ဦးခေါင်းမှာ ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လို့ အရေးပေါ် ဆေးကုသမှု ခံယူဖို့ ပို့ဆောင်နေစဉ် လမ်းခရီးမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဗုံးကြဲမှုမှာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ဆယ်ကျော်သက် ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦးခန့် ဒဏ်ရာရခဲ့ပြီး လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးကုသမှု ပေးနေတယ်လို့လည်း သိရပါတယ်။
