အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ဂွမြို့နယ်ကနေ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ အမျိုးသားတစ်ဦး စက်စက်ယိုကျေးရွာမှာ အောက်တိုဘာလ ၃၁ ရက်က မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူက အသက် ၄၀ ကျော်အရွယ် ဦးလှမင်း ဖြစ်ပြီး စက်စက်ယိုကျေးရွာမှာ လာရောက်နေထိုင်ရင်း ဟင်းချက်စရာ အသီးအရွက် သွားခူးတုန်း မြေမြှုပ်မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။
စက်စက်ယိုကျေးရွာက စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိတဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။
အလားတူ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာလ ၃ ရက် ညနေပိုင်းက မြေမြှုပ်မိုင်း နင်းမိလို့ ရက္ခိုင်စစ်ဘေးရှောင် ပြည်သူတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
သြဂုတ်လ ၁၈ ရက် ညနေဖက်ကလည်း လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာအနီးမှာ စစ်ကောင်စီတပ် မြှုပ်နှံခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင် စစ်ဘေးရှောင် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပါတသးတယ်။
ထပ်မံပြီးတော့ ဇူလိုင်လ ၂၄ ရက် ညနေကလည်း စစ်ကောင်စီတပ် မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိလို့ ရက္ခိုင်စစ်ဘေးရှောင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
