အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၆)
Daingnet Chakma Organization (DO) က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သက္ကမကျောင်းသူ/ကျောင်းသား ၂၆ ဦးကို စုစုပေါင်း မြန်မာငွေ ကျပ် ၉၄ သိန်းကျော် (၉,၄၈၆,၀၀၀ ကျပ်) ထောက်ပံ့ပေးခဲ့တယ်လို့ နိုဝင်ဘာလ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီပညာသင်ဆုအတွက် DCO က ပြီးခဲ့တဲ့လတွေအတွင်း ရန်ပုံငွေရှာဖွေရေး Campaign တစ်ခု ပြုလုပ်ခဲ့ပြီး ရရှိတဲ့ အလှူငွေတွေကို စီမံခန့်ခွဲကာ ပညာသင်ဆုလျှောက်လွှာတွေ ခေါ်ယူပြီး ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ဆုရခဲ့တဲ့ ကျောင်းသူ/ကျောင်းသား ၂၆ ဦးက ရက္ခိုင်ပြည်ထဲက ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မောင်တောနဲ့ မင်းပြား မြို့နယ်တွေက ၁၂ တန်း (Grade-12) နဲ့ တက္ကသိုလ်တက်ရောက်နေတဲ့ သက္ကမလူငယ်တွေပဲ ဖြစ်ပါတယ်။
စစ်ဘေးနဲ့ စီးပွားရေးခက်ခဲတဲ့ ကာလမှာ သက္ကမလူမျိုးတွေအတွက် ပညာရေးငွေကြေးထောက်ပံ့မှုက အနာဂတ်လူငယ်တွေရဲ့ ပညာသင်ယူခွင့်ကို မြှင့်တင်ပေးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒေသခံ သက္ကမပြည်သူတွေက ပြောပါတယ်။
DCO က Campaign မှာ ပါဝင်လှူဒါန်းခဲ့တဲ့ အလှူရှင်အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ပညာရေးကူညီထောက်ပံ့မှုတွေကို ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo-Daingnet Chakma organization
