အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၆)
၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက် (၂၀၂၆ နိုဝင်ဘာ ၇ ရက်) မှာ ကျရောက်တဲ့ အာရက္ခတပ်တော် (ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့မှာ မောင်တောခရိုင်ဂျူရီက ဂုဏ်ပြုမွေးနေ့သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရတယ်။
သဝဏ်လွှာမှာ တပ်မှူးချုပ် ကျန်းမာချမ်းသာပြီး အာရက္ခပြည်သူတွေရဲ့ အမျိုးသားရေး အကျိုးစီးပွားကို ဆက်လက် ထမ်းဆောင်နိုင်ပါစေလို့၊ တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းထားပါတယ်။
အာရက္ခပြည်သူတွေရဲ့ လွတ်မြောက်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နဲ့ လူ့အခွင့်အရေးတွေအတွက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးဆောင်မှုကို မူဆလင်ပြည်သူလူထုတရပ်လုံးကိုယ်စား မှတ်တမ်းတင်ထားတယ်လို့လည်း ဖော်ပြထားတယ်။
မွေးနေ့ကစပြီး အာရက္ခပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေဖို့နဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဆက်လက် ဦးဆောင် တည်ဆောက်နိုင်ပါစေလို့လည်း ဆုတောင်းထားပါတယ်။
