NewsPolitic

မွေးနေ့ဆုတောင်းပေးသူတွေကို ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျေးဇူးတင်

အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၆)

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် (၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်) က ကျရောက်ခဲ့တဲ့ ၄၈ နှစ်ပြည့် မွေးနေ့မှာ ဂုဏ်ပြုဆုတောင်းစကားတွေ ပို့ခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌ၊ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ထုတ်ပြန်လိုက်ပါတယ်။

ကျေးဇူးတင်လွှာမှာ ပြည်တွင်းပြည်ပက တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက မွေးနေ့မှာ ဂုဏ်ပြုဆုတောင်းပေးခဲ့တာအပေါ် အဖွဲ့အစည်းနဲ့ ကိုယ်တိုင် ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

ဂုဏ်ပြုစကား ပို့ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုလည်း ကျန်းမာချမ်းသာကြပါစေလို့ အပြန်အလှန် ဆုမွန်ကောင်း တောင်းထားပါတယ်။

ကျေးဇူးတင်လွှာမှာ ULA/AA အနေနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ မျှော်လင့်ချက်တွေနဲ့ ဆန္ဒတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

တရားမျှတမှုနဲ့ လွတ်လပ်မှုကို ရှေ့ရှုပြီး ရန်သူ့နောက်ဆုံးပစ်မှတ်တွေကို အားသွန်တိုက်ဝင်သွားမယ်လို့လည်း တပ်မှူးချုပ်က ထုတ်ပြန်ပါတယ်။

Related posts

သူပုန်ဖြူကဗျာစာအုပ် ‌ဒေါ်လာ တသောင်း နဲ့ လေလံ စံချိန်တင်

Rakhita Times

SCEF နဲ့ ULA/AA အွန်လိုင်းကတွေ့ဆုံ၊ ခူဦးရယ်လ်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဖွင့်စကားပြော

Rakhita Times

စစ်တွေမှာ သင်္ဘောမရောက်လို့ ဒေသခံတွေကို ခက်ခဲနေ

Rakhita Times

Leave a Comment