NewsPolitic

အောက်တိုဘာလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၉ ဦး သေဆုံးပြီး ရက္ခိုင်ပြည်မှာ ၁၅ ဦးနဲ့ အများဆုံးလို့ BWU ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၆)

၂၀၂၆ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၄၉ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က နိုဝင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

BWU ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၄၉ ဦးထဲက ၄၇ ဦးက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ၁ ဦးက လက်နက်ကြီးပစ်ခတ်မှု၊ ၁ ဦးက မတရားဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၉ ဦးပါဝင်ပြီး ဒဏ်ရာရသူ ၄၅ ဦးထဲက ၃၉ ဦးက လေကြောင်းတိုက်ခိုက်မှု၊ ၆ ဦးက လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်၊ တိုင်းအလိုက် ရက္ခိုင်ပြည်က အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်ပြီး ၁၅ ဦး ရှိတယ်။ စစ်ကိုင်းတိုင်းက ၁၃ ဦး၊ မကွေးတိုင်းက ၁၀ ဦးနဲ့ ဒုတိယ၊ တတိယ အများဆုံး ဖြစ်ပြီး မန္တလေး၊ ချင်း၊ ပဲခူး၊ တနင်္သာရီ၊ ရှမ်းနဲ့ မွန်ပြည်တို့မှာလည်း သေဆုံးမှုတွေ ရှိတယ်လို့ BWU က ဖော်ပြထားပါတယ်။

BWU က ဒီစာရင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်စုစည်းထားတာဖြစ်ပြီး သတင်းအမှောင်ထုဖြစ်နေတဲ့ မြေပြင်မှာ သေဆုံးသူအရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

BWU ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ စာရင်းမှာလည်း ရက္ခိုင်ပြည်က အမျိုးသမီးသေဆုံးမှု ၁၇ ဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း ၁၃ ဦးက ဒုတိယလို့ ဖော်ပြခဲ့ပါတယ်။

Related posts

ရက္ခိုင်ကို သယ်ဆောင်လာတဲ့ ဘိလပ်မြေအိတ် ၉၀၀ နဲ့ ကုန်သည် ၁၄ ဦးကို BCG ထပ်မံဖမ်းဆီး

Rakhita Times

အယ်လ်နီညိုကြောင့် ကျန်းမာရေးအန္တရာယ်ရှိလို့ အာရက္ခကျန်းမာရေးကျောင်း သတိပေး

Rakhita Times

■ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ လက်တွေ့ဖြစ်နိုင်ခြေ

Rakhita Times

Leave a Comment