NewsPolitic

ရက္ခိုင်မှာ တံတား ၅ စင်းကို တစ်ရက်တည်း ဗုံးကြဲဖျက်ဆီးခံရလို့ ခရီးသွားလာမှု ရပ်တန့်

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၆)

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် ဒီကနေ့ တစ်ရက်တည်းမှာပဲ အများပြည်သူ သွားလာ အသုံးပြုနေကြတဲ့ အဓိက ကုန်သွယ်ရေးတံတား ၅ စင်းကို လေကြောင်းနဲ့ ရေကြောင်းက ဗုံးကြဲ၊ မိုင်းခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် အဥ္ဇနပူရမြို့နယ်က စွန်ရဲတံတားကို ဒီကနေ့ မနက်အစောပိုင်း ၂ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။

တောင်ကုတ်-မအီ-ရမ်းဗြဲ-ကျောက်ဖြူ အဝေးပြေးကားလမ်းပေါ်က တံတား ၄ စင်းကိုလည်း မနက်အစောပိုင်း ၁ နာရီကျော်ကစပြီး လေယာဉ်တွေ၊ စပီဒ်ဘုတ်တွေနဲ့ လာရောက် တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စွန်ရဲတံတား၊ မင်းကြောင်းချောင်းတံတား၊ သဇင်တန်ပေါက်တံတား၊ သံသမကြီးတံတားနဲ့ သံသမချေတံတား စတဲ့ တံတား ၅ စင်း ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ကားလမ်းခရီးသွားလာမှုတွေ ရပ်တန့်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတာကြောင့် ဒေသတွင်းကို စားနပ်ရိက္ခာနဲ့ ကုန်စည်တွေ ပြတ်တောက်သွားနိုင်ပြီး ကုန်ဈေးနှုန်းတွေ မြင့်လာနိုင်ပါတယ်။

အရေးပေါ်ကျန်းမာရေးကုသမှု ခံယူရမယ့် လူနာတွေအတွက်လည်း သွားလာရေး ခက်ခဲလာနိုင်တယ်လို့ ဒေသခံပရဟိတအသင်းတွေက ပြောဆိုပ်တယ်။

ရက္ခိုင်ပြည်မြောက်ပိုင်းကနေ တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို သံတွဲ၊ တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲဘက်က ဒေသခံတွေက အဓိကမှီခိုနေရတယ်လို့လည်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစပြီး တိုက်ပွဲတွေ ပြန်စတာကတည်းက စစ်ကောင်စီတပ်တွေက တံတား ၂၂ စင်းကို ဖျက်ဆီးခဲ့ပါတယ်။

Photo – DMG

Related posts

အာရက္ခပြည်တည်ဆောက်ရေးတွင် ခမီလူမျိုးတွေကို လေးစားတန်ဖိုးထားသွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

Rakhita Times

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

စကမရဲ့ လေကြောင်း ရေကြောင်းကနေ လက်နက်ကြီး ပတ်ခတ်တာနဲ့ ပတ်သက်ပြီး AA အရေးပေါ်ထုတ်ပြန်

Rakhita Times

Leave a Comment