NewsPolitic

ကျောက်တော်မြို့ကို ညဘက် လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်က လူနေရပ်ကွက်တွေနဲ့ နေရာအချို့ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၆ ရက် ည ၁၁ နာရီခွဲကျော်ကစပြီး လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ မြို့အဝင်နေရာအနီးတွေကို လေယာဉ် ၃ စီးခန့်သုံးပြီး တစ်နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ အများအပြား ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒီဗုံးကြဲမှုကြောင့် ပြည်သူတွေ ထိခိုက်ပျက်စီးမှု အခြေအနေကို အာရက္ခတိုင်းမ်စ်သတင်းဌာနအနေနဲ့ အသေးစိတ် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကျောက်တော်မြို့ကို စက်တင်ဘာလ ၂၈ ရက်မှာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ပါတယ်။

AA က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ပိုင်းအတွင်း ပိုမိုဖြစ်ပွားနိုင်လို့ ပြည်သူတွေကို အမြဲသတိထားဖို့ တိုက်တွန်းထားပါတယ်။

Related posts

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

Rakhita Times

ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းအတွက် စည်းကမ်း ၁၉ ချက် လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အသိပေး

Rakhita Times

ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ

Rakhita Times

Leave a Comment