စစ်တွေကို ရေတပ်အင်အား သင်္ဘော ၄ စီး ခန့် စစ်ကောင်စီ ထပ်ပို့
အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၅) စစ်တွေမြို့ကို စစ်ကောင်စီက ရေတပ်အင်အား သင်္ဘော ၄ စီး နဲ့ ထပ်ပြီး ချထားတယ်လို့ စစ်တွေဒေသခံတွေကနေ သိရပါတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ကြတဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အဲဒီရေတပ်သင်္ဘောတွေက ရောက်လာတာ...
