စစ်တွေမှာ ဆန်ကြမ်းရှားနေ၊ ဒေသခံအနေနဲ့ စစ်ဘေးရှောင်လို ရင်ဆိုင်နေရ
အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၅) လက်ရှိအကြပ်အတည်းကာလအတွင်း စစ်တွေမြို့မှာ ဒေသခံလူထု အားလုံးနီးပါး ဝယ်ယူစားသောက်နိုင်တဲ့ ဆန်ကြမ်းတွေဟာ ရှားပါးနေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဆန်ကြမ်းတွေဟာ ဝယ်ယူလို့ရပေမယ့် အနံ့နံတဲ့ ဆန်ကြမ်းအမျိုးအစားတွေသာဖြစ်ပြီး ဝယ်စားတဲ့သူမရှိတဲ့ ဆန်အကောင်းစားတွေကတော့ ပေါများတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်တွေမြို့ပေါ်မှာ...
