EnvironmentNewsPolitic

ရက္ခိုင်ပြည်တွင် ဒီနေ့ကနေ ၃၀ ရက်အတွင်း ရက်ရှည်မိုးရွာနိုင်

အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၆)

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရက္ခိုင်ပြည်အတွင်း ဇွန်လ ၂၁ ရက် ကနေ ၃၀ ရက်အတွင်း ရက်ရှည် မိုးရွာနိုင်တယ်လို့ သိရပါတယ်။

အဆိုပါရက်များအတွင်း ရက္ခိုင်ပြည်အတွင်းမှာ ၈ ရက်ကနေ ၁၀ ရက်အထိ ရွာသွန်းမြဲထက် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

WINDY APP ရဲ့ ICON Model က ပြသမှုအရ မနက်ဖြန် ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ကနေ ဇွန်လ ၂၇ ရက် ညနေ ၅ နာရီအထိ ရက္ခိုင်ပြည်ဟာ မိုးအလွန်များပြားနိုင်တဲ့ ဇုန်မှာ ပါဝင်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

“ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း လေဖိအားနည်း ရပ်ဝန်းရဲ့ ဆွဲအားနဲ့ မုတ်သုံလေ တိုက်ရိုက် ဝင်ရောက်နေတာကြောင့် ရက္ခိုင်ပြည်တစ်ခုလုံး (အထူးသဖြင့် မြောက်ပိုင်းဇုန်) မှာ ကမ်းရိုးတန်းတောင်တန်းများရဲ့ ပထဝီဝင် အနေအထားအရ မိုးရေချိန် 300 mm ထက်မနည်း ရွာသွန်းရရှိနိုင်ကာ အန္တရာယ်ရှိနိုင်သော အရောင်ရင့်ဇုန်အဖြစ် ပြသနေတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ရက်များအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ် နိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ပြည်က မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ရပ်ကွက်များတွင် ရေကြီးနေတယ်လို့လည်း သိရပါတယ်။

Related posts

သာပေါင်းမှာ သွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင်တာတွေကို စစ်ကောင်စီ ကန့်သတ်

Rakhita Times

မြောက်ဦးဆေးရုံအတွက် သိန်း ၁၆၈၀ တန်ဖိုးရှိ အာထရာဆောင်းစက်များ ဝေဟင်အောင်နဲ့အဖွဲ့ ထပ်မံလှူဒါန်း

Rakhita Times

မင်းပြားတွင် ကလေး ၃ မွှာပူး မွေးဖွား

Rakhita Times

114 comments

Leave a Comment