Category : Business

ArticelsBusinessEnvironmentHealthLife StyleNewsPolitic

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

Rakhita Times
တာပလု ချင်းတွင်းမြစ်က မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်ပြီး အလျားမိုင် ၇၅၀၊ ကီလိုမီတာ ၁,၂၀၀ ခန့် ရှည်လျားတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊...
BusinessNewsPolitic

စကမ ထိန်းချုပ်နယ်မြေမှာ AA ထိန်းချုပ်နယ်မြေထက် စက်သုံးဆီဈေး မြင့်တက်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၁ မတ်လ ၂၀၂၆) စစ်ကော်မရှင် ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေထက် စက်သုံးဆီဈေး ပိုမိုမြင့်တက်နေတယ်လို့ မာန်အောင်မြို့ဒေသခံတဦးက ဆိုပါတယ်။ စက်သုံးဆီဝင်ရောက်မှုအနေနဲ့ ရန်ကုန်ဘက်မှ တင်သွင်းလာတဲ့ စက်သုံးဆီတွေရှိသလို အာရက္ခတပ်တော် AA ဘက်က ဝင်ရောက်တဲ့ စက်သုံးဆီလည်းရှိပြီးဈေးနှုန်းကွာဟမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။...
BusinessNewsPolitic

စစ်တွေမှာ စက်သုံးဆီ တလီတာကို သုံးသောင်းကျော်အထိ ဈေးမြင့်တက်လာ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၆) လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ အရှေ့အလယ်ပိုင်းဒေသရဲ့ စစ်ရေးပဋိပက္ခ သတင်းလှုပ်ခတ်မှုတွေကြောင့် မတ်လ ၄ ရက်မှာ စက်သုံးဆီ တလီတာကို သုံးသောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဲဒီလို ဈေးမြင့်တက်လာတဲ့အပြင် ဝယ်ယူလို့မရဘဲ ရှားပါးလျက်...
BusinessNewsPolitic

တောင်ကုတ်တွင် တရက်ထဲ ဆီဆိုင် ၂ ဆိုင် မီးလောင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၆) ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် မတ်လ ၅ ရက် တရက်ထဲ ဆီဆိုင် ၂ ဆိုင် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ “ ၄ နာရီခွဲကျော်လောက်မှာ ကင်းတောင်ရွာက ဦးစိန်စု ပိုင်ဆိုင်တဲ့ ဆီဆိုင်မီးလောင်တယ်။ မီးငြိမ်းသတ်ရင်းနဲ့ လူငယ်နှစ်ယောက် အနည်းငယ်ထိခိုက်...
BusinessNewsPolitic

မိုးတွင်းမှာ ထင်း အခုထက် ပိုရှားလာမှာကို စစ်တွေဒေသခံတွေ စိုးရိမ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခုလက်ရှိ ဆောင်းတွင်းနဲ့ နွေရာသီအတွက် အသုံးပြုဖို့ ထင်းတွေကို ရှာဖွေလို့ ရသေးပေမယ့် မိုးတွင်းဆိုရင် ထင်းတွေ ပိုရှားပြီး ဒုက္ခရောက်မှာကို ဒေသခံတွေက စိုးရိမ်နေကြောင်း အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေဒေသခံတဦးက “မကြာခင်မှာ ရှားပါတော့မယ်။ အခုကတော့...
BusinessNewsPolitic

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

Rakhita Times
အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆) မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ လမ်းပေါ်ကို စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံးခဲ့တယ်လို့...
BusinessNewsPolitic

တိုက်ပွဲပြင်းထန်နေလို့ ကျောက်ဖြူက ဓာတ်အားပေးစက်ရုံတရုံ ပြောင်းရွှေ့

Rakhita Times
အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆) အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ V Power ဓာတ်အားပေးစက်ရုံ ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။ “ တိုက်ပွဲက ရဲတပ်ရင်း ၃၂ နားအထိကို ကပ်လာနေတော့ စက်ရုံကို ထိမှာကြောက်လို့ထင်တာပဲ။ ပစ္စည်းတွေ ပြောင်းရွှေ့နေကြတယ်။ တချို့...
BusinessNewsPolitic

စစ်တွေမှာ အရွက် ၈၀ ပါ ကွမ်းတဗီယာ (တစည်း) ကို ခုနှစ်သောင်းအထိ ဈေးမြင့်တက်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း ကုန်တင်လေယာဥ် မဆင်းသက်ခဲ့တာကြောင့် အရွက် ၈၀ ပါ ကွမ်းတဗီယာကို ငွေကျပ် ခုနှစ်သောင်းခန့်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “အဲဒါတော့ မပြောတတ်ဘူး။ လေယာဉ် ၄၊ ၅ ရက်မလာဘူးဆိုပြီးတော့...
BusinessNewsPolitic

တရားမဝင် အရက်၊ ဘီယာများကို DLEPS ဖမ်းဆီး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မြေပုံမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များပ တရားမဝင် အရက်၊ ဘီယာများကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီလပ် (DLEPS) အနေနဲ့ ပြည်ပက အရက်၊ ဘီယာ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို လိုက်လံ ရှာဖွေ စစ်ဆေး ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် မြေပုံမြို့၊ သဲတန်းရပ်ကွက်တွင် ANDAMAN အရှည် ၂၄ ဖာ၊ Grand Sherry Cask ၂၁ ဖာနဲ့ ၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလပ် (DLEPS) က သိမ်းဆည်းရရှိထားတဲ့ ပြင်ပ အရက်၊ ဘီယာတွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းပြီးတော့ တရားမဝင် ရောင်းချနေတဲ့ သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ရက္ခိုင်ပြည်မှာမှာ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် နဲ့ ယစ်မျိုးကုန်တွေကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က သတိပေး နှိုးဆော်ခဲ့ပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပက အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။...
BusinessNewsPolitic

ရက္ခိုင်ကို ဘိလပ်မြေ တင်သွင်းသူ ၁၉ ဦး ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ကို ဘိလပ်မြေ တင်သွင်းသူ မွတ်ဆလင် ၁၉ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ရက္ခိုင်ပြည်ကို စက်လှေနှစ်စီးနဲ့ တင်ပို့မယ့် ဘိလပ်မြေ အိတ် ၁၀၀၀ ကျော် ပါဝင်ပြီး ဂျင်း၊ ကုလားပဲ၊ ကြက်သွန်ဖြူနဲ့ အချိုရည်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်က ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြားရှိ စိန့်မာတင်မီးပြတိုက်ကနေ ၃၈ မိုင်ခန့်အကွာတွင် စက်လှေနှစ်စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ သိမ်းဆည်းရမိပစ္စည်းများနဲ့ ထိန်းသိမ်းခံထားရသူများကို ဥပဒေအရ ဆက်လက်အရေးယူရန်အတွက် ရေတပ်ရဲ့ ရှေ့တန်းအခြေစိုက်စခန်း St. Martin ကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း သိရပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ရက္ခိုင်ပြည်ကို ဘိလပ်မြေများ တင်သွင်းလာတဲ့ မွတ်ဆလင်ကုန်သည် ၁၁ ဦး ကိုလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။...