Category : News

NewsPolitic

အမ်းတွင် စကမရဲ့ မိုင်းပေါက်ကွဲလို့ လူငယ်တဦး ဒဏ်ရာရ 

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲမှုလို့ လူငယ်တဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။  “ သီဟိုဠ်ခြံမှာ သားအဖနှစ်ယောက် မြက်ရှင်းနေရင်းနဲ့ သားဖြစ်သူက စစ်ကော်မရှင်တပ်က ထောင်ထားခဲ့တဲ့ မိုင်းကို ဓါးနဲ့ ထိမိလို့ ပေါက်ကွဲပြီး ဒဏ်ရာ ပြင်ထန် ရရှိခဲ့တာ”  လို့ အမ်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ စစ်ကျန်မိုင်းကြောင့် ပြင်းထန် ဒဏ်ရာ ရရှိသွားသူမှာ ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာနေ အဖ ဦီးကျော်နိုင်ရဲ့ သာဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်  ငြိမ်းချမ်းကျော် ဖြစ်တယ်လို့ သိရပါတယ်။ “ အဲဒီမိုင်းက ပေါက်ကွဲပြီးတော့ ကလေးရဲ့ မျက်နှာတွေကို စင်တာလေ၊ မျက်နှာတခုလုံး ပြင်းပြင်းထန်ထန်ကို ဒဏ်ရာတွေ ရသွားတာ”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၈ ရက်ကလည်း စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲလို့ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာက လင်မယားနှစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။...
HealthNewsPolitic

ရက္ခိုင်ပြည်အတွင်းရှိ ဆေးခန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန စစ်ဆေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြည်သူများအနေနဲ့ ဆေးဝါးနဲ့ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်များ မဖြစ်လာစေရန်အတွက် ဒီလပ် (DLEPS) ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာန နဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဆေးကုသခွင့် ရရှိရေးအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တရားဝင်လိုင်စင် လျှောက်ထားရမည်ဖြစ်ပြီး ဆေးကုသခွင့် လိုင်စင်မရှိဘဲ ‌ဆေးကုသနေတဲ့ ဆေးဆရာများ၊ ဆေးခန်းများ တွေ့ရှိပါက ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်ဆေးများ၊ တရားမဝင် တင်သွင်းထားတဲ့ ဆေးဝါးများကို အသုံးပြုရောင်းချနေတဲ့ ဆေးခန်းများကို တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အာရက္ခပြည့်သူ့ကျန်းရေးဌာနအနေနဲ့ ဇန်နဝါရီလစပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်များရှိ ဆေးခန်း၊ ဆေးဆိုင်များတွင် စပ်ဆေးရောင်းချနေမှုများ၊ တရားမဝင်ဆေးဝါး ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။...
BusinessNewsPolitic

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံသား ယာဥ်မောင်းတဦး သေဆုံးလို့ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပိတ်ဆို့သွားမယ်လို့ ဒေသခံ လိုင်လူငယ်အဖွဲ့အစည်းက (CYLA) ဆိုပါတယ်။ သေဆုံးသွားသူမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ အေအိုစီရပ်ကွက်နေ အသက် ၃၇နှစ် အရွယ်ရှိ ပူးလားရမ်စန်းငါ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို နေရပ်သို့ ပြန်လည်သယ်ဆောင်လာပြီး ဆေးရုံတွင် စစ်ဆေးနေပြီး ဒဏ်ရာတချို့ ရရှိထားပြီး မတော်တဆသေဆုံးမှု သို့မဟုတ် လူသတ်မှုဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် လောင်တလိုင်ခရိုင် လိုင်လူငယ်အဖွဲ့အစည်း CYLA နဲ့ ရှဟာခရိုင် မရာလူငယ်အဖွဲ့အစည်း (MTP) တို့ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံခဲ့ပြီးနောက် ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သေဆုံးသူဟာ သူ့ညီနဲ့အတူ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းများပို့ရန် ပစ်ကပ်ကားနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သွားရောက်ခဲ့ပြီး ပျောက်ဆုံးသွားတာလည်း ဖြစ်ပါတယ်။ သေဆုံးမှု ဖြစ်ပွားခဲ့တဲ့နေရာကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ထံကိုလည်း အမှုဖော်ထုတ်ပေးရန် CYLA က တောင်းဆိုထားတယ်လို့ သိရပါတယ်။...
NewsPolitic

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကိုင်းတိုင်းတွင် အာရက္ခတပ်တော် ရောက်ရှိနေပြီး ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်ရဲ့ ကိုးတောင်ဘို့စခန်းသိမ်းအပြီးတွင် စစ်ကော်မရှင်ခေါင်ဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းတပ်နယ်ကို ကိုယ်တိုင်သွားရောက် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတွေ ဖြစ်တဲ့ ကိုးတောင်ဘို့စခန်း အပါအဝင် စခန်း ၄ ခုကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်အပြီးမှာ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ စခန်းဖြစ်တဲ့ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင် နဲ့ အင်တိုင် စတဲ့ စခန်း ၄ ခု ပဲ ဖြစ်ပါတယ်။ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်မလာခင်တွင် ဟုမ္မလင်းတပ်နယ်ကို အင်းအားနဲ့ ခဲယမ်းများစွာ ပို့ဆောင်ခဲ့ပြီး ပြန်လည် ထိုးစစ်ဆင်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဟာ “ နိုင်ငံရေး အကြောင်းပြပြီး ကိုယ်ကျိုးအတွက် သယံဇာတများကို တရားမဝင် ထုတ်ယူမှု အမြောက်အများရှိပြီး လက်နက်အားကိုးနဲ့ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံကာ ကိုယ်ကျိုးသုံးနေကြတယ်”  လို့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဟုမ္မလင်းတပ်နယ်တွင် သူ့လက်အောက်ငယ်သားတွေကို ပြောကြာခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) နဲ့အတူ NUG လက်အောက်ခံတပ်ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကန့်ဘလူခရိုင် (ပကဖ)၊ ကန့်ဘလူ၊ ခင်ဦး၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ပကဖများအပြင် ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ကိုင်းတိုင်းက စစ်ကော်မရှင်ရဲ့ စခန်းတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။...
BusinessNewsPolitic

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ရေလုပ်သား (၇၃) ယောက်ကို အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်နဲ့ အဆက်အသွယ်ပြုလုပ်ကာ အထောက်အထား စုံစမ်းစစ်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။  ပြန်လည် လွှဲပေးလိုက်တဲ့ ငါးခိုးဖမ်းသမား (၇၃) ယောက်အနေနဲ့လည်း နောက်နောင်တွင် ရက္ခိုင်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီး ငါးခိုးမဖမ်းတော့ပါဘူးလို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်လာပြီး ငါးဖမ်းနေသူတွေကို အာရက္ခတပ်တော်က ဖမ်းဆီးကာ စတင်အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီဖြစ်တယ်လို့ အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သတင်းထုတ်ပြန်ထားပါတယ်။ အာရက္ခစစ်သည်တော်တွေ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင်ပြည်နေ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ အသက်၊ အိုးအိမ်၊ စည်းစိမ် နဲ့ လုံခြုံရေးတို့ကို အထူးအလေးထားသလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နတ်မြစ်ကြောင်းတလျှောက်က အကြမ်းဖက်သမားတွေ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးအတွက်ကိုလည်း ဒေသခံပြည်သူလူ ထုတွေ နဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ Ref & Photo – APM...
NewsPolitic

သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့ စောမြရာဇာလင်း ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့လိုတယ်လို့ ALP ဥက္ကဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းရဲ့ နေအိမ် ပေါက်ကွဲမှုသတင်းနဲ့ပတ်သက်ပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့လည်း ALP ပါတီဘက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ ကျမတို့က မနေ့ကဆို ထုတ်ပြန်ချက်ထုတ်ဖို့ လိုမယ်လို့ မယူဆခဲ့ဘူး။ ဒီလိုပဲ ပျောက်သွားမှာပါ အဲ့လိုမျိုးပဲ ထင်လိုက်တယ်။ ပထမတက်လာတာကတော့ သာမန်အနေအထားမျိုးပဲ၊ ရေးတဲ့ပုံစံမျိုးပဲ တက်လာတာ။ နောက်ပြီးလို့ရှိရင် သတင်းပုံစံမျိုးနဲ့ ပြန်တက်လာတယ်။ statement မထုတ်လို့တော့ ရတော့မှာမဟုတ်ဘူး။ မထုတ်ချင်ပါဘူး အမှန်က။ မထုတ်ချင်ပေမယ့် ထုတ်လိုက်ရတာ ဖြစ်တယ်”  လို့ ‌စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သတင်းတွေကို ရေးသားဖော်ပြနေတဲ့ သတင်းထောက်တွေ အနေနဲ့လည်း သတင်းသမား ကျင့်ဝတ်နဲ့အညီသာ သတင်းမှန်ကို ရေးသား ဖော်ပြသင့်တယ်လို့ သူက ဆိုပါတယ်။ “ အဓိက ပြောချင်တာကတော့ သတင်းသမားတွေဆိုတာ သတင်းကျင့်ဝတ် ရှိဖို့လိုအပ်တယ်။ သတင်းကျင့်ဝတ်ကို ကျင့်သုံးဖို့ လိုအပ်တယ်။ အဲ့လိုမဟုတ်ပဲ ရတာ ကောက်ရေးနေကြတယ်။ ကိုယ်စိတ်ထင်ရင် ထင်သလို ရေးနေကြတယ်။ ပြည်သူတွေလည်း အလန့်တကြား ဖြစ်တယ်။ ကိုယ်တို့လည်း အလန့်တကြား ဖြစ်တယ်။ ဆိုတော့ သတင်းတွေ တက်လာချင်း ကိုယ်တို့အချင်းချင်းထဲမှာလည်းပြောဖြစ်ကြတယ်။ ကိုယ်တို့ကို ဖုန်းလာဆက်ကြတယ်။ ဆရာမကြီးနေတဲ့အိမ် ဒီလို ဖြစ်သွားတာလား။ ဘာညာ စသည်အားဖြင့်။ ဘာမှမဖြစ်ပါဘူးလို့။ ဒီလို အေးဆေးနေကြတာပဲလို့။ ဘာမှမဖြစ်ပါဘူး။ ဘယ်လို တက်နေတာလဲ။ ဒီလို ဒီလို သတင်းတွေ တက်နေတယ် စသည်အားဖြင့်ပေါ့လေ။ ကိုယ့်အပေါ်မှာ မေတ္တာရှိကြတဲ့လူတွေက အဲ့လိုမျိုး အများကြီး လာပြီး မေးကြတာ ရှိတယ်။ အဲ့လိုမျိုး ကိုယ့်အပေါ်မှာပဲဖြစ်ဖြစ် ပါတီအပေါ်မှာပဲဖြစ်ဖြစ် မတော်မတရား အဲ့လိုမျိုးရေးတာက တော်တော့်ကို လွန်နေပြီ။ အခုလည်းပဲ လုပ်ကြံပြီးတော့ သတင်းမကောင်းတွေ ထုတ်လွှင့်တာ။ အဲ့လိုပုံစံမျိူးကတော့ သတင်းသမားတွေအနေနဲ့ မဖြစ်သင့်ဘူး။ သတင်းဆိုတာ အမှန်တကယ် လူသိစေချင်တဲ့ အကြောင်းအရာကိုရေးတဲ့ သတင်းတွေ ဖြစ်သင့်တယ်။ အဲ့လိုပုံစံမျိုး မဟုတ်ပဲနဲ့ တဖက်သားအပေါ်မှာ မနာလို မုန်းတီးပြီးတော့ ကောက်ရေးနေတာဟာဆိုလို့ရှိရင် အများကြီး နစ်နာမှုတွေ ရှိတယ်။ ပြည်သူတွေအတွက်လည်း စိတ်မကောင်းစရာ အများကြီးဖြစ်တယ်။ ကိုယ့်အပေါ်မှာ စေတနာရှိတဲ့လူတွေအတွက်ဆိုရင် စိုးရိမ်ပူပန်မှုတွေ တအားများသွားကြတယ်။ အဲ့လို မဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်”  လို့ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ကြား ဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ALP တပ်သား ၁၀၀ ပါဝင်ခဲ့ပြီး တပ်သား ၂၀ ကျဆုံးခဲ့သလို လက်နက်တွေနဲ့အတူ သုံးဦးက ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေနဲ့ ရက္ခိုင်ပြည်မှာ စစ်မက်ဖြစ်ပွားခြင်းကို မလိုလားတဲ့အတွက် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့ပါသေးတယ်။...
NewsPolitic

ကျောက်ဖြူတွင် ၂ ရက်အတွက် စကမရဲ့ လက်နက်ကြီးကြောင့် ၃ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်အတွင်း အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ မနေ့က ာနေ ၄ နာရီကျော်မှာ စကမရဲ့ နေဗီကနေ ဝမြောင်နဲ့ ငါးအုပ်ရွာကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထပ်မနည်း ပစ်ခတ်တာ။ အမျိုသမီး ၂ ဦး သေဆုံးသွားတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်”  လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ နေဗီကနေ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ လာရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။ “ ဖေဖော်ဝါရီ ၁၄ ကလည်း အဲဒီနေဗီကပဲ လက်နက်ကြီးနဲ့ပစ်တာ။ ကျောက်ပြောက်ရွာက အသက် ၈၀ ကျော် အဖွားတယောက် ဆုံးသွားတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။ ဇန်နဝါရီလ ၃၀ ရက် ညနေကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်းဘွေရွာက အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ ...
BusinessNewsPolitic

သံတွဲ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေတယ်လို့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့က ဆိုပါတယ်။ လက်ရှိ သံတွဲမြို့မှာ စစ်ရှောင်ဦးရေ ၃ ထောင်ခန့်ရှိပြီး စားဝတ်နေရေးအတွက် ငါးဖမ်းပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြပေမယ့် စစ်ကော်မရှင်က မကြာခဏ ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် စားဝတ်နေရေး ကြပ်တည်းမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ စစ်ရှောင်က မနှစ်ကထက်စာရင်တော့ နည်းပါတယ်။ ဒါပေမယ့် ပြန်ဝင်လည်ဝင်ရောက် နေထိုင်ခွင့် ပေးထားပေမယ့် စကမ ရဲ့ ရေကြောင်းကနေ အမြဲပစ်ခတ်နေတာ ငါးဖမ်းလှေတွေကို ဖမ်းဆီးနေတာတွေကြောင့် စားဝတ်နေရေး ကျပ်တည်းကြပါတယ်။ အသင်းအဖွဲ့အနေနဲ့ အခက်အခဲကတော့ သူတို့လာပြီး အကူအညီ တောင်းခံတဲ့အခါမျိုးမှာ အလှူငွေမရှိတော့ မပေးလိုက်နိုင်ဘူးပေါ့”  လို့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းနေသလို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အနေနဲ့လည်း အလှူရှင် နည်းပါးလာပြီး လိုအပ်တဲ့ အကူညီတိုင်းကို ထောက်ပံ့ပေးနိုင်ခြင်း မရှိတာကြောင့် စစ်ရှောင်တွေကို ကူညီရန်အတွက် ဆန်အိတ်အလှူခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ လိုတာကတော့ အများကြီးပါ။ စားနပ်ရိက္ခာကတော့ အဓိကပေါ့။ ကျနော် အရင်ကဆိုရင် အမြဲတမ်း လှူဖူးတဲ့သူတွေက ကျနော်တို့အဖွဲ့ကို သိကြတော့ အမြဲလာပြီး အကူအညီ တောင်းခံလာနေကြတော့ ကျနော်လည်း စားနပ်ရိက္ခာ အဓိကဆိုတော့ ဆန် အလှူခံကြည့်တာပါ။ ကျနော်တိ့် တောင်ပိုင်းအဖွဲ့တွေက အလှူရှင်လည်း နည်းပါတယ်”  လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ စစ်ရှောင်တွေ စားဝတ်‌နေရေး ပြေလည်စေဖို့ လတ်တလောမှာ  ဆန်အိတ် ၁၀၀ ခန့် စုဆောင်းလှူဒါန်းရန် ရည်ရွယ်ထားပြီး ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ရဲ့ Facebook page ကတဆင့် ဆန် တအိတ်ကို  ၆၀၀၀၀ ကျပ်နှုန်းနဲ့ ပါဝင် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။...
HealthNewsPolitic

ကျောက်ဖြူအကျဉ်းထောင်ကို စကမ တင်းကျပ်၊ ဆေးကုသခွင့်မရလို့ ရက္ခိုင်အကျဉ်းသားတဦး သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ အကျဉ်းတေထာင်ကို စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ထားပြီး အကျဉ်းသားတွေကို ဆေးကုသခွင့်မပေးလို့ ရက္ခိုင်အကျဉ်းသာတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က အကျဉ်းသား ၅ ယောက် ထွက်ပြေးပြီးနောက် ကျောက်ဖြူအကျဉ်းထောင်ကို လုံခြုံရေးတင်ကျပ်လိုက်ပြီး ဆေးကုခွင့်တွေပါ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ ကျောက်ဖြူအကျဉ်းထောင်တွင် ဆေးကုသခံယူမှု မရရှိလို့ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာက အသက် ၂၈ နှစ်အရွယ် ကိုငမှိုင်း ဖြစ်တယ်လို့ သိရပါတယ်။ “ သူက ရောဂါအခံရှိတယ်။ လေးဘက်နာရောဂါပေါ့။ သူတို့တွေက ငါးဖမ်းနေတာမှာ ဖမ်းခံထားရတာ၊ ဆုံးတာက ၁၂ ရက်နေ့က”  လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ရက္ခိုင်ပြည် ပင်လယ်ပြင်တွင် ငါးဖမ်းနေတဲ့ ရက္ခိုင်ရေလုပ်သားတွေကို စစ်ကော်မရှင်ရဲ့ ရေတပ်ကနေ မကြာခဏဆိုသလို ဖမ်းဆီးပြီး ကျောက်ဖြူကို ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ အလားတူ ရက္ခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ဆေးကုသခွင့်မရတဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။...
NewsPolitic

ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲသတင်းဟာ သတင်းမှားလို့ ALP ထုတ်ပြန်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ ALP ပါတီက ဒီကနေ့ မနက် ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်မှာ  ဒေါ်စောမြရာဇာလင်းရဲ့ စစ်တွေမြို့က နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲလို့ တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းဌာနတခုက စတင်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ “ မနေ့က “ One Nation News”  မှ စတင်လာသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌကြီး စောမြရာဇာလင်း ၏ စစ်တွေမြို့နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲ၍ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးကြောင်း လုပ်ကြံရေးသားထားသည့် သတင်းမှာ မှန်ကန်မှု လုံးဝမရှိပေ။ မနာလို မုန်းတီးစိတ်ဖြင့် အလန့်တကြား ဖြစ်စေရန် ကြံစည် ရေးသားခြင်းသာ ဖြစ်သည်။ ထို မမှန်ကန်သော သတင်းကို “ Arakan Bay News”  မှ အခြေအမြစ်မရှိ တင်လာမှုကိုလည်း ရှုတ်ချသည်”  လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်  သတင်းသမားမှန်ကန်ပါက သတင်းသမား၏ ဂုဏ်သိက္ခာနှင့်အညီ ရေးသားကြပါလို့လည်း ALP ပါတီက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။...