ယုံကြည်သူများအသင်းတော် ဘာသာရေးပွဲတော်အတွက် AA ငွေကြေးလှူဒါန်း
အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၅) ပလက်ဝခရိုင် ရှင်းလက်ဝတိုက်နယ်အတွင်းက ကာရာမိတ်ကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ ယုံကြည်သူများအသင်းတော် ဘာသာရေးပွဲတော်အတွက် အာရက္ခတပ်တော်ကနေ ငွေကြေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ယုံကြည်သူများအသင်းတော်မြန်မာ BELIVERS CHURCH MYANMAR (BCM) ရဲ့ ရက္ခိုင်သာသနာပိုင်နယ်အတွင်းက အမှုတော်ဆောင်တွေကို ရာထူးတိုးမြှင့်ခြင်းနဲ့ သာသနာပိုင်တွေရဲ့ နှစ်ချုပ်ကော်မတီ အစည်းအဝေး...
