ပေါက်တောဒေသခံ မူဆလင်တံငါသည်တွေကို စကမ ထောင်ဒဏ်ချမှတ်
အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာက ဖမ်းဆီးသွားတဲ့ မူဆလင် တံငါသည် ၁၄ ဦးကို စစ်ကော်မရှင်က ထောင်ဒဏ်ချမှတ်လိုက်ပြီလို့ ဒေသတွင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တံငါသည်အလုပ်နဲ့ အသက်မွေးကြတဲ့ အဲဒီ မူဆလင်တွေဟာ ဒီလ စက်တင်ဘာ ၁၆ ရက်နေ့...
