“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”
■ အီရန်နဲ့ စစ်ခင်းမယ့်အကြံဟာ အမေရိကန်အတွက် ခြေလှမ်းအမှားလား ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်အင်အား တိုးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝါရှင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတခု ဆင်နွှဲတော့မလားဆိုပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်။ ဒီတခါတော့ အီရန်နဲ့ပေါ့။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို အပြီးတိုင်ရပ်ဖို့၊ ဒုံးကျည်အစီအစဉ်တွေကို ထိန်းချုပ်ဖို့နဲ့...
