စစ်တွေက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ အိမ်တွေကို ခိုးယူရောင်စား၊ စစ်ကောင်စီက မျက်ကွယ်ပြုထား
အာရက္ခတိုင်းမ်စ် (၅ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည်ရဲ့မြို့တော် စစ်တွေမြို့က စစ်ကောင်စီကနေ အတင်းအဓမ္မ ရွာလုံးကျွတ်နှင်ထုတ်ထံထားရတဲ့ အိမ်တွေကို ခိုးယူရောင်းစားနေပြီး စစ်ကောင်စီက အရေးမယူဘဲ မျက်ကွယ်ပြုထားတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ စစ်တွေမြို့က ရွှေပြည်သာ၊ ဗျိုင်းဖြူရွာစတဲ့ ရွာ ၁၂ ရွာ...
