မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်
အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၅) ညီနောင်မဟာမိတ် ၃ ဖွဲ့အနက် ၂ ဖွဲ့မှာ စစ်ကော်မရှင်နဲ့ အပစ်ရပ်လိုက်တဲ့အတွက် ရက္ခိုင်ပြည်သူတွေအနေနဲ့ ပိုမို အထိနာလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဟာ စစ်ကော်မရှင်နဲ့ ဇန်နဝါရီလမှာ စတင်အပစ်ရပ်ခဲ့ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)...
