ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး
အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆) ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မတ်လ ၁၇ က အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “ မနေ့က မနက် ၈ နာရီလောက်မှာ နတ်မြစ်ဝနားကို လာပြီး ငါးခိုးဖမ်းနေကြတယ်။ တပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ကတွေ့ပြီး...
