လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား
အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၆) အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် လောင်စာဆီအခက်အခဲဖြစ်နေလို့ မြန်မာနိုင်ငံက လေကြောင်းလိုင်း အားလုံးနီးပါး ရပ်နားထားကြကြောင်း လေယာဉ်လက်မှတ်ရောင်းချသူတွေထံက သိရပါတယ်။ လောင်စာဆီအခက်အခဲကြောင့်လို့ဆိုကာ လေယာဉ်လက်မှတ်ရောင်းချတဲ့ အေးဂျင့်တွေထံ အီးမေးလ်နဲ့ စာပေးလာတယ်လို့ လေယာဉ်လက်မှတ်ရောင်းချသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဲဒါကြောင့် လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တွေကို ငွေပြန်အမ်းပေးတာတွေ...
