AA က ငွေကြေးအနွမ်းများ လက်ခံသုံးစွဲရမယ်လို့ ထုတ်ပြန်တာကို ပြည်သူများလက်ခံ
အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅) ရက္ခိုပြည်က လွတ်မြောက်နယ်မြေအချို့မှာ ငွေစက္ကူရာတန်နဲ့ ဟောင်းနွမ်းငွေကြေးတွေကို လက်ခံသုံးဆွဲရန် အာရက္ခတော်လှန်ပြည်သူ့အစိုးရအနေနဲ့ အသိပေးပြောကြားတဲ့ပေါ် ပြည်သူတွေအနေနဲ့ လက်ခံကြတယ်လို့ သိရပါတယ်။ “ မြောက်ဦး၊ ကျောက်တော်မှာ ငွေစက္ကူနွမ်းရင် သုံးမရလို့ အာရက္ခတိုင်းမ်စ်ကို သတင်းပေးဖူးတယ်။ အခုတော့ ကိုယ့်အစိုးရက ကိုယ့်ပြည်သူစကားကို နာထောင်တယ်ဆိုတော့...
