ပြည်သူမထောက်ခံတဲ့ ရွေးကောက်ပွဲ မအောင်မြင်နိုင်
အာရက္ခတိုင်းမ်စ် (သီးသန့်အင်တာဗျူး) စစ်ကောင်စီက ဒီနှစ်ထဲမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး ပြောဆိုထားသလို အဆိုပါရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှား အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကလဲ ထောက်ခံအားပေးနေတာကို တွေ့ရပါတယ်။ သို့သော်လည်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူလူထုက ထောက်ခံခြင်းမရှိသလို ဒီမိုကရေစီအင်းအားစု နဲ့ တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်ကြောင်း...
