HealthNews

သံတွဲတွင် လသားအရွယ် ကလေးများ အရေပြားရောဂါဆေး အရေးပေါ်လိုအပ်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်အတွင်းရှိ လသားအရွယ် ကလေးငယ်များတွင် အရေပြားရောဂါဖြစ်ပွားနေပြီး ကုသရန်အတွက် အရေးပေါ် ဆေးဝါးလိုအပ်နေတယ်လို့ ကလေးမိခင်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကလေးတွေမှာ ယားနာဖုလေးတွေ ပေါက်နေပါတယ်။ ဆေးတွေ လိုနေပါတယ်” လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

အရေပြားရောဂါဖြစ်ပွားနေတဲ့ သံတွဲဒေသခံပြည်သူတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆေးဝါးကူညီပေးနေပေမယ့် လသားအရွယ်ကလေးငယ်တွေအတွက် ကုသရန်ဆေးရှားပါးနေတယ်လို့ ဆေးဝါးကူညီပေးနေသူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရိုးရိုး အရေပြားဆေးတောင် တစ်ပုလင်းကို ၅၀၀၀ နဲ့ ၆၀၀၀ ကြား ပေးရတယ်။ အဲဒီဆေးတွေက ဒီလို နုနယ်တဲ့ ကလေးအတွက် မသင့်တော်ဘူး။ ဒီကလေးတွေအတွက် ထုတ်ထားတဲ့ ဆေးရှာနေတယ်။ ရခဲ့မယ်ဆိုရင်လည်း ငွေကြေးအရ အခက်အခဲ ရှိနေတယ်” လို့ ဆေးဝါးကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ကလေးမိခင်တွေဟာ ကလေးတွေအတွက် ဆေးဝါးအကူအညီလိုအပ်သလို ကလေးမိခင်တွေအတွက်လည်း စားနပ်ရိက္ခာလိုအပ်နေတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကလေးတွေမှာ ယားနာတွေကလည်း ပေါက်လာတယ်။ စားဖို့သောက်ဖို့ကလည်း ဆန်လည်းမရှိ၊ ဟိုတလောကလည်း ဆန်တောင်းတာလည်း တောင်းလို့မရ” လို့ ကလေးမိခင် နောက်တစ်ဦးက ဆိုပါတယ်။

ရက္ခိုင်ပြည်မှာတော့ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီအကြား တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဟာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တင်းသွင်းခွင့် ပိတ်ဆို့ထားခဲ့ပါတယ်။

တဖတ်မှာလည်း စစ်ကောင်စီဟာ ရက္ခိုင်ပြည်ကို ကုန်း၊ ရေ၊ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထား တာကြောင့် တိုက်ပွဲရှောင်ပြည်သူတွေ ဆေးဝါး စားသောက်ကုန် အခက်ခဲ တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

AA က ကပစ ၁၆ ကို လက်နက်ကြီးနဲ့ပစ်၊ အဆောက်အဦးတချို့ ပျက်စီး

Rakhita Times

တနှစ်အတွင်း စကမကြောင့် ရက္ခိုင်အမျိုးသမီး ၁၁၉ ဦး သေဆုံး

Rakhita Times

ရက္ခိုင်ကမ်းရိုးတန်းတွင် ၃ ရက်ဆက်တိုက် မိုးရေချိန်မြင့်တက်လာနိုင်

Rakhita Times

1 comment

Leave a Comment