Month : မတ် 2025

NewsPolitic

တိုင်းရင်းသားလက်နက်ကိုင်များအကြား ပွတ်တိုက်မှု ရှိလာနိုင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၈ မတ် ၂၀၂၅) စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နယ်မြေစိုးမိုးမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ပွတ်တိုက်မှု ပဋိပက္ခတွေက ရှေ့လျှောက်လည်း ရှိလာနိုင်ဦးမှာဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
NewsPolitic

စစ်ကောင်စီရဲ့ ဒရုန်းကြောင့် ဦးကင်းရွာ ရွာလုံးကျွတ်မီးလောင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၅) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဦးကင်းရွာကို စစ်ကောင်စီက မတ်လ ၆ ရက် တွင် ဒရုန်းနဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ “ ဓညဝတီရေတပ်စခန်းဌာနချုပ်ကနေပြီးတော့ ဒရုန်းတွေ လွှတ်တာ၊ နေ့လယ်မှာ တစ်ကြိမ် နဲ့...
InterviewPolitic

CDF – Asho က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို မေးမြန်းခြင်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၅) CDF – Asho ကနေပြီး ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို မေးမြန်းထားတာ တင်ဆက်ပေးလိုက်ပါတယ်။...
NewsPolitic

ကျောက်ဖြူကို စစ်ကောင်စီက အဝင်အထွက် တင်းကျပ်ပြီး ကန့်သတ်လာ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၅) ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်ကနေစပြီးတော့ စစ်ကောင်စီက မြို့အတွင်းကို အဝင်အထွက်တွေ ကန့်သတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က စက်လှေတွေကို ကျောက်ဖြူမြို့အတွင်း ဝင်ထွက်ခွင့် ပြုထားပေမယ့် ဓညဝတီ ရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်က တိုက်ခိုက်တဲ့အချိန်ကနေစပြီးတော့ ဝင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။...
NewsPolitic

တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မြောက်ဖို့ ကြားခံအဖွဲ့ အားကောင်းဖို့လို

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၅) နှစ်ဖက်အင်အားစု အဖွဲ့အစည်းများအချင်းချင်း တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မြောက်စေဖို့အတွက် ကြိုးစားကြရမှာ ကြားခံအဖွဲ့အစည်းတွေအနေနဲ့ အားကောင်းဖို့ လိုအပ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်သူတွေက ထောက်ပြကြပါတယ်။ လက်ရှိမှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့တို့နဲ့ စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့် ပလောင်တပ်ဖွဲ့နဲ့ကတော့ ပထမအကြိမ်...
NewsPolitic

ဓညဝတီရေတပ်ဌာနချုပ် ကျတာနဲ့ ကျောက်ဖြူကို သိမ်းပိုက်နိုင်ပြီ

Rakhita Times
အာရက္ခတိုင်းမ်စ် (၅ မတ် ၂၀၂၅) အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ ရက္ခိုင်ပြည်က ရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီရေတပ်စခန်းကို တိုက်ခိုက်သိမ်းနိုင်တာနဲ့ ကျောက်ဖြူမြို့နယ်ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာတဲ့သူတွေက ထောက်ပြကြပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်ဖို့အတွက် ကျန်နေတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ကို ထိုးစစ်ဆင်နေပြီဖြစ်ပေမယ့် စစ်တွေမြို့ကိုတော့...
BusinessNewsPolitic

လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ခွင့်က တော်လှန်ရေးကို ဟန့်တားဖို့ ဖြစ်နိုင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၅) စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေဟာ တော်လှန်ရေးနယ်မြေတွေကို ဟန့်တားဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။ ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို စစ်ကောင်စီက...
NewsPolitic

စစ်ကောင်စီရဲ့ ရုရှားခရီးစဉ်ဟာ လက်နက်သွားဝယ်တာဖြစ်နိုင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၅) စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်လက်နက်ပစ္စည်းတွေ သွားဝယ်တာ ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော်လေဆိပ်ကနေတစ်ဆင့် ရုရှားနိုင်ငံကို မတ်လ ၃ ရက်...
NewsPolitic

AA ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) ဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၅) အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) က မတ်လ ၁ ရက် တွင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ “Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာ...
NewsPolitic

စစ်တွေက ဒုက္ခသည်စခန်းမီးလောင် အိမ်ထောင်စု ၃၀၀ ကျော် မီးဘေးသင့်

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့ ခေါင်းဒုက္ကာကျေးရွာရှိ ဒုက္ခသည်စခန်းကို မတ်လ ၁ ရက် မနက် ၁ နာရီ ၁၅ မိနစ်က မီးလောင်ခဲ့လို့ အိမ်ထောင်စု ၃၀၀ ကျော် မီးဘေးသင့်ဒဏ်ခံနေရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။ “စခန်းမှာရှိတဲ့ အဆောင်...