ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေ ပစ်ခတ်ဖြိုခွင်း
အာရက္ခတိုင်းမ်စ်(၂၈ စက်တင်ဘာ၂၀၂၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခါဂရာချရီခရိုင် ဂုမ်မာရာ (Guimara) အမည်ရတဲ့ မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုးခွင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲဟာ စစ်တကောင်းတောင်တန်းနယ်က ရက္ခိုင်မျိုးနွယ်စုဝင် အသက် ၁၂ နှစ်အရွယ် မရာမာကျောင်းသူကို...
