NewsPolitic

သံတွဲကို စကမ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ၊ နေအိမ် ၈ လုံး ပျက်စီး(ဒဏ်ရာရရှိသူထဲတွင် ကလေးငယ် ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ပါဝင်)

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကော်မရှင်က စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“၅ မိနစ်လောက်ခြားပြီး ၂ ကြိမ် ဆက်တိုက်ကြဲချသွားတာ၊ သံတွဲကို စစ်ဘေးရှောင်လာနေတဲ့ မောင်ရွှေလေးရွာက မိသားစုနေတဲ့ အိမ်ကို တည့်တည့်ကျတာ” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင်း ၅၀၀ ဗုံး ၂ လုံးဟာ အမှတ် (၄) ရပ်ကွက် ညောင်ပင်ဈေးက ဦးမြဟန် နဲ့ ဦးမှဲ့လေး နေအိမ်ကို ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဒဏ်ရာရတဲ့သူထဲမှာ ကျောင်းသား ၂ ဦးပါတယ်၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ပါတယ်။ ဒဏ်ရာက ပြင်းထန်တယ်” လို့ သံတွဲမြို့ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင် ၅၀၀ ဗုံးကြောင့် သေဆုံးသွားသူမှာ မောင်ရွှေလေးရွာက အသက် ၄၄ နှစ် အရွယ် ဦးညီညီ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ မောင်ရွှေလေးရွာက အသက် ၆ နှစ် အရွယ် မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ် အရွယ် မောင်အောင်သီဟဖြိူး၊ အသက် ၃၇ နှစ် အရွယ် ဒေါ်ခင်ခင်ဌေး (ကိုယ်ဝန်ဆောင်မိခင်)၊ အသက် ၄၂ နှစ် အရွယ် ဦးထွန်းနေမင်း၊ အသက် ၃၂ နှစ် အရွယ် မချိုချိုဝင်း နဲ့ ညောင်ပင်ဈေးနေ အသက် ၅၄ နှစ် အရွယ် ဒေါ်မပုလေး တို့ပဲ ဖြစ်ပါတယ်။

Related posts

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

Rakhita Times

တော်လှန်ရေးပန်းတိုင်ရောက်အောင် အားလုံးဝိုင်းကြိုးစားရအောင်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လပြော

Rakhita Times

ရက္ခိုင်ပြည်က ရေဘေးသင့် လူဦးရေ ၁၂၀၀၀ ကျော်အတွက် အရေးပေါ် အကူညီလိုအပ်

Rakhita Times

3 comments

RichardacuLa စက်တင်ဘာ 3, 2026 at 12:36 မနက်

Наркологическая клиника в клинике в Нижнем Новгороде специализируется на диагностике, лечении и реабилитации пациентов с алкогольной и наркотической зависимостью. Основная цель деятельности учреждения — восстановление физического здоровья и психологической устойчивости человека, оказавшегося в состоянии зависимости. В клинике применяются современные методы терапии, доказавшие эффективность в медицинской практике. Все процедуры проводятся конфиденциально, с соблюдением медицинских стандартов и под контролем квалифицированных специалистов.
Получить больше информации – лечение в наркологической клинике

Reply
KennethLoory စက်တင်ဘာ 6, 2026 at 8:00 ညနေ

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Ознакомиться с деталями – кодирование от алкоголизма цены

Reply
Davidexant စက်တင်ဘာ 15, 2026 at 1:21 မနက်

Наркологическая помощь может понадобиться как при недавно возникшей зависимости, так и при алкоголизме, который длится много лет. Врач уточняет стаж заболевания, частоту запоя, периоды трезвости и результаты прежнего лечения. Если зависимость существует 5 лет, 10 лет или более длительный срок, это влияет на выбор терапии и дальнейший план.
Дополнительная информация – https://8.narcolog-na-dom-voronezh0.ru/

Reply

Leave a Comment